Powered by Blogger.

အာဆင်နယ်အသင်းက ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား အီဝိုဘီကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့



အာဆင်နယ်အသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ အကောင်းဆုံးခြေစွမ်းပြကစားလာတဲ့ လူငယ်ကွင်းလယ်ကစားသမား Iwobi (အီဝိုဘီ)ဟာ အာဆင်နယ်အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုသွားဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။

 အာဆင်နယ်အသင်းရဲ့ လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားဟာ အာဆင်နယ်အသင်းနဲ့ လေးပွဲအထိ ပွဲထွက်ကစားခွင့်ရရှိထားပြီး ဝက်ဒ်ဖို့ဒ်အသင်းနဲ့ အဲဗာတန်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ ဂိုးတွေသွင်းယူပြီး ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ကစားသမားကိုတော့ အာစင်ဝင်းဂါးက  ၂၀၂၁ အထိ စာချုပ်သက်တမ်းတိုးလိုက်တာဖြစ်ပြီး အီဝိုဘီဟာပြီးခဲ့တဲ့ အောက်တိုဘာလကမှ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားတဲ့ကစားသမားဖြစ်ပါတယ်။

အသက်ရှစ်နှစ်အရွယ်တည်းက အာဆင်နယ်အကယ်ဒမီမှာ စတင်ကစားလာခဲ့တဲ့ အီဝိုဘီဟာဆိုရင်တော့ အာစင်ဝင်းဂါးရဲ့ လက်ထွက်တပည့်တစ်ယောက်လည်း ဖြစ်ပါတယ်။ အီဝိုဘီဟာ တစ်ခြားလူငယ်ကစားသမားတွေနဲ့စာရင်တော့ ခြေစွမ်းပြဖို့ နှောင့်နှေးခဲ့ပြီး အသင်းကြီးမှာတော့ ဒီရာသီအစမှာမှ စတင်ကစားခွင့်ရရှိလာခဲ့တာပါ။ သူဟာ အာဆင်နယ်အသင်းကြီးမှာ ၁၅ ပွဲအထိ ကစားခွင့်ရရှိပြီးပြီလည်းဖြစ်ပါတယ်။

အာစင်ဝင်းဂါးကတော့ အီဝိုဘီရဲ့ အကြောက်အလန့်မရှိကစားပုံကို နှစ်သက်မိတယ်လို့ ပြောကြားခဲ့ပြီး သက်ငယ်ထဲမှာ အကောင်းဆုံးကစားသမားလေးတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အီဝိုဘီဟာ နိုင်ဂျီးရီးယားနိုင်ငံ လားဂို့စ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး နိုင်ဂျီးရီးယားလက်ရွေးစင်အဖြစ်သာ ကစားသွားဖို့ သေချာသလောက်ရှိနေတယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Guardian


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment