Powered by Blogger.

၂၀၁၆ခုနှစ်အတွင်း ဂျာစီရောင်းအားအကောင်းဆုံး အသင်းအဖြစ် မန်ယူရပ်တည်


မန်ယူအသင်းဟာ ရလဒ်တွေဆိုးဝါးနေပေမယ့် ဥရောပမှာ လွှမ်းမိုးမှုရှိတဲ့ အသင်းတွေထဲ ပါဝင်နေဆဲဖြစ်ကြောင်း သူတို့ရဲ့ အသင်းဂျာစီရောင်းအားက သက်သေပြခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းပရိတ်သတ်တွေကလည်း လန်ဒန်မြို့က အပြာရောင်ဖြစ်တယ်ဆိုတာကို လန်ဒန်က အင်္ကျီရောင်းအားမှာ ဦးဆောင်ပြီး သက်သေပြခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ရောင်းအားဟာ ၂၀၁၆ခုနှစ်အတွင်းမှာ တခြားနှစ်တွေထက်တောင်များပြားခဲ့ကြောင်း သိရပါတယ်။ သူ့နောက်မှာတော့ လာလီဂါဘီလူးကြီးတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ရှိနေခဲ့ပါတယ်။ ဦးဆောင်သူတွေရဲ့နောက်မှာတော့ ချယ်လ်ဆီးက ယူနစ် ၁၆၅၀၀၀၀ နဲ့ ရပ်တည်ခဲ့ပြီး နံပါတ်ငါးနေရာကိုတော့ ဘိုင်ယန်မြူးနစ်အသင်းက ရယူခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အာဆင်နယ်၊ ဂျူဗင်တပ်စ်၊ လီဗာပူး၊ PSG နဲ့ အေစီမီလန်တို့က အသီးသီးရပ်တည်နေကြောင်းလည်း သိရပါတယ်။ ဒါကတော့ ဥရောပအသင်းတွေရဲ့ ဂျာစီရောင်းအားနဲ့ ရပ်တည်မှုတွေပါ။


1. Manchester United – 2,850,000
2. Real Madrid – 2,290,000
3. Barcelona – 1,980,000
4. Chelsea – 1,650,000
5. Bayern – 1,500,000
6. Arsenal – 1,225,000
7. Juventus – 850,000
8. Liverpool – 705,000
9. PSG – 685,000
10. AC Milan – 650,000


( U Min Thant )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment