Powered by Blogger.

မိုနာကိုကွင်းလယ်တိုက်စစ်မှူး ဘာနာဒိုဆေးလ်ဗားအတွက် ချယ်လ်ဆီးစကားပြောနေ



ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေအပြောင်းအရွှေ့မှာ မိုနာကို ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူနိုင်ဖို့အတွက် စတင်ကမ်းလှမ်းနေတယ်လို့ သိရပါတယ်။

Sunday Times ရဲ့ သတင်းတစ်ရပ်အရ မန်ယူ၊ စပါး၊ မန်စီးတီး၊ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်အပါအဝင် အသင်းကြီးတော်တော်များများ မျက်စိကျနေတဲ့ အသက် ၂၂နှစ်အရွယ်ကစားသမားကို တန်ကြေး ယူရိုသန်း ၈၀ ပေးပြီး ခေါ်ယူဖို့အတွက် လန်ဒန်ကလပ်က စိတ်ဝင်စားနေတာပါ။

ဒါပေမယ့် ပေါ်တူဂီလက်ရွေးစင်ကစားသမားကတော့ အန်တိုနီယိုကွန်တီရဲ့ အသင်းကို ပြောင်းရွှေ့လိုနေတာပါ။
ဆေးလ်ဗားဟာ လက်ရှိမှာ မိုနာကိုရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်နေပြီး ပွဲပေါင်း ၃၃ပွဲကစားထားရမှာ ၈ဂိုး သွင်းယူထားတယ်လို့ သိရပါတယ်။

U Min Thant

#sports.thithtoolwin.com

Source : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment