Powered by Blogger.

အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန်ကို မော်ရင်ဟိုခေါ်ယူလိုနေ



မန်ယူအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ အာဆင်နယ်အသင်းကွင်းလယ်လူ ချိန်ဘာလိန်ကို အသင်းထံ ခေါ်ဆောင်လာဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေအရ သိရပါတယ်။

ပေါ်တူဂီနည်းပြအနေနဲ့ မော်ဂန်ရှနိုင်ဒါလင်နဲ့ မန်ဖစ်ဒီပိုင်းတို့ ထွက်ခွာသွားတဲ့ ကွင်းလယ်ပိုင်းမှာ နွေရာသီကျရင် အင်အားဖြည့်တင်းဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး အာဆင်နယ်ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာပါ။

မော်ရင်ဟိုအနေနဲ့ ဒီအတောအတွင်းမှာ နီမန်ဂျာမာတစ်နဲ့ ဝီလီယံတို့ကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း ချယ်လ်ဆီးမှာ ခြေစွမ်းကောင်းမွန်နေတဲ့ နှစ်ယောက်အတွက် ခေါ်ယူဖို့ မဖြစ်နိုင်ပဲ ဖြစ်ခဲ့တာပါ။

ဒါပေမယ့် သူက အင်္ဂလန်လက်ရွေးစင်ကို အိုးလ်ထရက်ဖို့ဒ်ထံခေါ်ယူနိုင်ကြောင်း ယုံကြည်နေတယ်လို့ Mirror သတင်းက ဖော်ပြခဲ့ပါတယ်။

အသက် ၂၃နှစ်အရွယ် အာဆင်နယ်ကစားသမားဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း လိဂ်ဂိုး ၃ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် အီမရိတ်ကနေ ထွက်ခွာလိုနေတယ်လို့လည်း သတင်းတွေပြေးနေပါတယ်။

U Min Thant

#sports.thithtoolwin.com

Source : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment