Powered by Blogger.

အာဆင်နယ်ကနေ ထွက်ခွာဖို့ရှိနေတဲ့ ဆန်းချက်ဇ်



အာဆင်နယ် တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ အသင်းဖော်တွေနဲ့ အဆင်မပြေမှုတွေကြောင့် ဒီနွေအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေကြောင်း ဘိုင်ယန်မြူးနစ်ကို ၅-၁နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ သတင်းတွေ ထွက်လာပါတယ်။

ချီလီတိုက်စစ်မှူးအနေနဲ့ အီမရိတ်စ်အသင်းနဲ့ ၁၈လစာချုပ်သစ်တစ်ရပ်ကို လတ်တလောမှာတင် ချုပ်ဆိုထားတာပါ။

အသက် ၂၈နှစ်အရွယ် ကစားသမားဟာ အာစင်ဝင်းဂါးရဲ့ အနာဂါတ်အစီအစဉ်မှာ ခိုင်ခိုင်မာမာပါဝင်နေပေမယ့် ဗုဒ္ဓဟူးနေ့ပွဲအပြီးမှာတော့ ဆန်းချက်ဇ်ဟာ အသင်းဖော်တွေနဲ့ စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်လာပြီး ရည်မှန်းချက်တွေ ပြောင်းလဲ လာခဲ့ကြောင်း The Sun က ဆိုခဲ့တာပါ။

ဆန်းချက်ဇ်အနေနဲ့ ရှုံးပွဲမှာ ဂန်းနားတွေရဲ့ အပြုအမူတွေကို ဒေါသထွက်ခဲ့ကြောင်းလဲ သိရပါတယ်။ ဘာစီကစားသမားဟောင်းအနေနဲ့ အသင်းကနေ ထွက်ခွာဖြစ်ရင် ဂျာမနီကို ရောက်ရှိလာနိုင်ကြောင်းလည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။

ဆန်းချက်ဇ်ဟာ ခရီးသွားရာကနေ လန်ဒန်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြန်ရောက်လာပြီး အဲ့နေ့မနက်မှာပဲ အသင်းဖော်တွေကို အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ပြောခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။


U Min Thant

#sports.thithtoolwin.com

Source : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment