ချယ်လ်ဆီးကို ပြန်လည်လက်စားချေသွားမယ်လို့ ရက်ရှ်ဖို့ဒ် ကြုံးဝါး
လာမယ့် မတ်လကျရင် သွားရောက်ရင်ဆိုင်ကစားရမယ့် FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ယူက ချယ်လ်ဆီးကို ပြန်လည်လက်စားချေသွားမှာဖြစ်တယ်လို့ မန်ယူတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်က သတိပေးကြုံးဝါးလိုက်ပါတယ်။
တိုက်စစ်မှူးလေးဟာ ဒီရာသီ နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုရဲ့ လက်အောက်မှာ မိနစ်အနည်းငယ်သာ ပါဝင်ကစားရသေးတာဖြစ်ပေမယ့် သရဲနီတို့အတွက် အဖွင့်ဂိုးကို FA ဖလား ပဉ္စမအဆင့်ပွဲစဉ်ဖြစ်တဲ့ ဘလက်ဘန်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တာပါ။
ဒီအဆင့်ရောက်ပြီဆိုရင်တော့ ခင်ဗျားအနေနဲ့ ဘယ်လိုအသင်းမျိုးမဆိုရင်ဆိုင် ကစားရမှာပါပဲ။ ကျွန်တော်ကတော့ ကျွန်တော်တို့တွေအနေနဲ့ တစ်ပွဲချင်းစီသေချာအာရုံစိုက်သွားဖို့လိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကောင်းမွန်တဲ့ခြေစွမ်းကိုရရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီပွဲကို အနိုင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ သူက ဆိုခဲ့တာပါ။
မော်ရင်ဟိုရဲ့ အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက စတန်းဖို့ဒ်ဘရစ်ခ်ျမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၄-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။
U Min Thant
#sports.thithtoolwin.com
Source : Metro
0 comments :
Post a Comment