Powered by Blogger.

ရီးရဲလ်လို အသင်းကြီးကိုရောက်ရှိသွားတဲ့အပေါ် ဗီနီဆပ်စ်ရဲ့ ခံစားချက်



 "ရီးရဲမက်​ဒရစ်​အသင်းနဲ့ စာချုပ်​ချုပ်​ဆိုထားတဲ့ လူငယ်​ကစားသမား​လေးဗီနီဆပ် ဂျူနီယာ​ဟာ သူ့အ​နေနဲ့ စီရော်နယ်​ဒို၊ ဘေးလ်တို့နဲ့တွဲ​ကစာ့းခွင့်​ရတာဟာ သူ့ရဲ့ ခြေစွမ်းတွေနစ်မြုပ်​ပျောက်ကွယ်​သွား​စေမှာမဟုတ်​ဘူးလို့​ပြောလိုက်​ပါတယ်​။အပြောင်းအရွေ့နဲ့ပါတ်သတ်ပီးကျွန်တော်ဘာမှဆုံးဖြတ်ခွင့်မရလိုက်ပါဘူး၊ကျွန်တော်ရဲ့မိဘတွေနဲ့တာဝန်ရှိသူတွေကစီစဉ်လိုက်တာပါ။ ကျွန်တော်ပိုက်ဆံအကြောင်းကိုမတွေးပါဘူး၊ရီရဲလ်မတ်ဒရစ်လိုအသင်းကြီးကိုပြောင်းရွှေ့ ခွင့်၇တာပျော်ပါတယ်။"

"ဒါပေမယ့် ကျွန်တော်အသက်၁၈နှစ်ပြည့်ပီးမှ ရီးရဲလ်မတ်ဒရစ်အကြောင်းတွေးရမှာပါ။ဖလာမင်ဂိုအသင်းမှာ ကျွန်တော်ရဲ့ခြေစွမ်းကိုဒီထက်ပိုတိုးတတ်သွားအောင်ကြိုးစားပြီးအသင်းကိုကူညီသွားမှာပါလို့ပြောပါတယ်"။

ရီးရဲမက်​ဒရစ်​အသင်းဟာ ၁၆ နှစ်​သာရှိ​သေးတဲ့ ဖလာမင်​ဂို ကစားသမား​လေးဗီနီဆပ်ဂျူနီယာ​ကို ယူရို ၄၅ သန်းနဲ့ စာချုပ်​ချုပ်​ထားပါတယ်​။ ဗီနီဆပ်​ဟာ လက်​ရှိ ဖလာမင်ဂိုအသင်းနဲ့ကစားခွင့်​ရဦးမှာဖြစ်ပြီး​ ၁၈ နှစ်​ပြည့်​ပြီး ဂျူလိုင်​ ၂၀၁၉ မှ ရီးရဲကစားသမားအဖြစ်​ ကစားခွင့်​ရမယ်​လို့ နှစ်​ဖက်​အသင်း​တွေက သ​ဘောတူညီမှု ရရှိထားပါတယ်​။


 Mocha

#sport.thithtoolwin.com

 Ref:Daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment