သောမက်စ်လီမာကို ခေါ်ယူတော့မည် မဟုတ်ကြောင်း အာဆင်နယ် နည်းပြ ၀င်းဂါး ပြောဆို
အာဆင်နယ် အသင်း နည်းပြ အာဆင်ဝင်းဂါးက ၎င်းတို့ အသင်း အနေနဲ့ မိုနာကို အသင်း ကစားသမား သောမတ်စ်လီမာကို ခေါ်ယူတော့မှာ မဟုတ်ကြောင်း ဆိုပါတယ်။ မိုနာကို အသင်း အနေနဲ့လည်း အဆိုပါ ကစားသမားကို ရောင်းထုတ်ဖို့ အတွက် အစီအစဉ် မရှိကြောင်း ၎င်းက ဆိုပါတယ်။ ပရီးမီးယားလိဂ် အဓိက ပြိုင်ဘက် မန်ယူ အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ လီမာကို အာဆင်နယ် အသင်းကလည်း ခေါ်ယူဖို့ အတွက် ကြိုးစားခဲ့ဖူးပါတယ်။
မိုနာကို အသင်းဟာ ၎င်းတို့ ကစားသမား ဖြစ်သူ ဘာနာဒိုဆေးလ်ဗားနဲ့ မန်ဒီကို မန်စီးတီး အသင်းသို့ ရောင်းထုတ်ခဲ့ပြီး ဘာကာယိုကိုကို ချဲလ်ဆီး အသင်းသို့ ရောင်းထုတ်ခဲ့ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာတော့ အာဆင်နယ် အသင်း နည်းပြ ၀င်းဂါးက မိုနာကို အသင်း အနေနဲ့လည်း လီမာကို ရောင်းထုတ်မှာ မဟုတ်လို့ သူ့ကို ခေါ်ယူဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူးလို့ ဆိုပါတယ်။
Mocha
#sport.thithtoolwin.com
Ref: goal
0 comments :
Post a Comment