Powered by Blogger.

ဘိုင်ယန်ကို ခံစစ်အနည်းငယ်အသားပေးကစားမယ်လို့ အာစင်ဝင်းဂါးပြော


ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံတိုင်းမှာ မှတ်တမ်းဆိုးတွေရှိခဲ့ရတဲ့ အာဆင်နယ်အသင်းကတော့ ဒီနေ့ည ၂း၁၅ မှာ ဘိုင်ယန်မြူးနစ်တို့ရဲ့ အလိုင်းယန့်အရီနာကွင်းကြီးမှာ ထိပ်တိုက်ရင်ဆိုင်သွားရတော့မှာပါ။

 ၁၆ သင်းအဆင့်ကနေ လှည့် လှည့်ပြန်နေရတဲ့ အာဆင်နယ်တို့ကတော့ ဒီရာသီချန်ပီယံလိဂ်မှာ အကောင်းဆုံးကစားပြီး ရလဒ်ကောင်းတွေရရှိဖို့ မျှော်မှန်းထားတာပါ။ အာဆင်နယ်အသင်းရဲ့ သက်တော်ရှည်နည်းပြ အာစင်ဝင်းဂါးကတော့ ခြောက်ရာသီဆက် ရှုံးထွက်အဆင့်ကနေ အိမ်လှည့်ပြန်နေရတဲ့ မှတ်တမ်းဆိုးကို ချေဖျက်ချင်နေပြီဖြစ်ပါတယ်။

အာစင်ဝင်းဂါးကတော့ နောက်ပိုင်းနှစ်တွေမှာ ဥရောပရဲ့ အကောင်းဆုံးလေးသင်းဝင်နေတယ်ဆိုတဲ့ ဘိုင်ယန်နဲ့ တွေ့ရမှာမို့လို့ အာဆင်နယ်အတွက်တော့ စိန်ခေါ်မှုကြီးမားတဲ့ ပွဲတစ်ပွဲဖြစ်လာမယ်လို့ ပြောပါတယ်။ အာဆင်နယ်နည်းပြ ဝင်းဂါးကတော့ ဒီပွဲမှာ အဓိကကွင်းလယ်လူ အိုဇေးလ်ကို ချန်လှပ်သွားဖွယ်ရှိနေပြီး ဂိုးသမားနေရမှာလည်း ပီတာချက်အစား ဒေးဗစ်အော့စ်ပင်နာကို ထည့်သွင်းကစားဖို့ စီစဉ်ထားပါတယ်။

ပွဲကြီးတွေမှာ ကစားသမားကောင်းတွေကို အနားပေးလေ့ရှိတဲ့ ဝင်းဂါးကေတာ့ အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားဖို့အတွက်အသင့်ဖြစ်နေပြီဖြစ်ပြီး ချန်ပီယံလိဂ်ဟာ သတ္တိရှိဖို့နဲ့ ကံကောင်းဖို့ လိုအပ်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အာစင်ဝင်းဂါးဟာ ဒီပွဲမှာ ခံစစ်ကို အနည်းငယ်အသားပေးကစားသွားမယ်လို့ ပြောခဲ့ပြီး ဒီပွဲမှာ ဂိုးမပေးရဖို့အတွက် ဝင်းဂါးပြင်ဆင်ထားပုံရပါတယ်။ ဘိုင်ယန်နဲ့တွေ့တိုင်း ရလဒ်ဆိုးတတ်တဲ့ အာဆင်နယ်တို့ ဒီပွဲမှာရော ဘယ်လိုခြေစွမ်းပြကစားသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : The Guardian

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment