Powered by Blogger.

ဘာစီလိုနာကို လေးဂိုးသွင်းပြီး Valentine’s Day မှာ အသည်းခွဲခဲ့တဲ့ ပီအက်စ်ဂျီ



ပီအက်စ်ဂျီကွင်းလယ်လူ ဒီမာရီယာကတော့ သူ့ရဲ့ မွေးနေ့မှာ စပိန်ဘီလူးကြီး ဘာကာကို အရေးပါတဲ့ ဂိုးနှစ်ဂိုးသွင်းပြီး မွေးနေ့လက်ဆောင် တောင်းသွားခဲ့ပါတယ်။

 ပီအက်စ်ဂျီအသင်းကတော့ အကောင်းဆုံး ကစားပြသွားနိုင်ခဲ့ပြီး လူပေးကစားတတ်တဲ့ ဘာကာကို ဘောလုံးဖျက်ထုတ်တဲ့ ပုံစံနဲ့ ရှိန်မနေဘဲ အကောင်းဆုံး အားအပြည့်ဆုံးနဲ့ ရင်ဆိုင်ကစားသွားခဲ့တာပါ။


လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ယူရိုသန်း ၇၀၀ လောက်သုံးပြီး ချန်ပီယံလိဂ်ဆုဖလားကို အိပ်မက်ခဲ့တဲ့ ပဲရစ်သားတို့ကတော့ ဒီပုံစံအတိုင်းဆိုရင်တော့ သူတို့ရဲ့ အိပ်မက်ကတစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြ အင်းနရစ်ကို အမြဲတမ်းဒုက္ခပေးလေ့ရှိတဲ့ ဆီဗီလာအသင်းနည်းပြဟောင်း အူနိုင်းအမ်မရီကတော့ ပီအက်စ်ဂျီအသင်းကို အကောင်းဆုံးပြင်ဆင်ပြီး ဘာစီလိုနာကို ရင်ဆိုင်သွားနိုင်ခဲ့ပါတယ်။


ဘာစီလိုနာအသင်းကတော့ ဒီပွဲမှာ MSN တိုက်စစ်နဲ့ ပီအက်စ်ဂျီအသင်းကို ရင်ဆိုင်ခဲ့ပြီး ဘာကာရဲ့ အသက်လမ်းကြောင်းတွေဖြစ်တဲ့ ဘောလုံးခင်းကျင်းမှုနဲ့ ရှေ့လယ်ချိတ်ဆက်မှုတွေကို ပီအက်စ်ဂျီကွင်းလယ်က Rabiot နဲ့ မာတွီဒီတို့အကောင်းဆုံးဖျက်ဆီးထားနိုင်ခဲ့တာကြောင့် ဘာကာတိုက်စစ်သေသလိုဖြစ်သွားခဲ့တာပါ။ ဘာစီလိုနာရဲ့နောက်တန်းကတော့ ဒီပွဲမှာတော့ ကျစ်ကျစ်လစ်လစ်မရှိခဲ့ဘဲ လူငယ်နောက်ခံလူ အမ်တီတီနဲ့ ဝါရင့်နောက်ခံလူ ပီကေးတို့ကြားမှာ ဒီ့ထက်နားလည်မှုပိုရှိသင့်သေးတယ်လို့ ထင်ရပါတယ်။



ပီအက်စ်ဂျီအသင်းကတော့ ဂိုးရရင်ပြီးရော ပုံစံနဲ့ ကြုံသလိုဂိုးတွေကိုရယူသွားနိုင်တာကလည်း ချီးကျူးရမှာပါ။ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို ချန်လှပ်ပြီး ကင်ပန်ဘီတို့လို ချာတိတ်တွေကို ပွဲထုတ်ကစားခဲ့ပေမယ့်လည်း အမ်မရီကတော့ ဘာကာရှေ့တန်းကို အကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ မက်ဆီခြေမပေါ်တဲ့ ဘာစီလိုနာကတော့ အနည်းငယ်ခက်ခဲသွားခဲ့ပါတယ်။



ပထမပိုင်း ၁၇ မိနစ်မှာပဲ ဒီမာရီယာက ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းအဖွင့်ဂိုးရယူပေးခဲ့ပြီး ဒရက်ဇ်လာကလည်း ရတဲ့အခွင့်အရေးကို အသုံးချနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီတို့ ပထမပိုင်းမှာတင် ခြေအသာနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ ဒီမာရီယာက ဂိုးဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းပြီး တတိယဂိုးကို ရယူပေးခဲပြီး ၇၁ မိနစ်မှာတော့ ကာဗာနီက မူနီယာရဲ့ ပေးပို့မှုကနေ ပီကေးကို ကျော်ပြီးကန်သွင်းခဲ့တာကြောင့် လေးဂိုးဂိုးမရှိနဲ့ ပီအက်စ်ဂျီတို့အနိုင်ရသွားခဲ့ပါတယ်။


ဘာစီလိုနာကတော့ ဒီအနေအထားကနေ ဒုတိယအကျော့မှာ ပြန်လာနိုင်မလားဆိုတာမသိရပေမယ့် ထူးဆန်းတဲ့ဘောလုံးလောကအလှည့်အပြောင်းတွေရှိတာကြောင့် စိတ်ဝင်တစ်စားစောင့်ကြည့်သွားရအုံးမှာပါ။


( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment