Powered by Blogger.

အာဆင်နယ်ကို ငါးဂိုးသွင်းပြီး ရှားပါးနေတဲ့ ဂိုးပြတ်နိုင်ပွဲပြန်ရယူနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်


အာဆင်နယ်အသင်းကို ငါးဂိုးတစ်ဂိုးနဲ့ မနေ့ညက အနိုင်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ အနိုင်ရလဒ်တွေမှာ ဂိုးကွာဟမှုကျဉ်းမြောင်းနေတဲ့ အခြေအနေကို ရပ်တန့်သွားနိုင်ခဲ့ပါတယ်။


အာဆင်နယ်အသင်းကတော့ အခုလို ဂိုးပြတ်အရှုံးကြောင့် 2010-2011 ရာသီနောက်ပိုင်း ၁၆ သင်းအဆင့်ကနေ မတက်ရောက်နိုင်မယ့်နောက်ထပ်မှတ်တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်သွားဖို့အတွက် ပိုအခြေအနေကောင်းသွားခဲ့ပါတယ်။




အာဆင်နယ်ကတော့ ဘိုင်ယန်အသင်းကို ပထမပိုင်းမှာ သူတင်ကိုယ်တင်ပြန်ကစားပြနိုင်ခဲ့ပြီး ပွဲအစ အစောပိုင်းမှာ အာဂျန်ရော်ဘင်က ဂိုးဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းယူသွားခဲ့လို့ ဘိုင်ယန်တို့အဖွင့်ဂိုးရရှိသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ ဘိုင်ယန်တို့ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန်ထိုးဖောက်ကစားခဲ့ပြီး ကိုစီယယ်လ်နီကို လီဝန်ဒေါစကီး ဧရိယာအတွင်းမှာ ခြေထောက်နဲ့ မတော်တဆကန်မိတာကြောင့် အာဆင်နယ်တို့ပင်နယ်တီရရှိခဲ့ပါတယ်။



ဆန်းချက်ဇ်က ဒီပင်နယ်တီကို နှစ်ဆင့်ကန်သွင်းပြီး ခက်ခက်ခဲခဲချေပခဲ့တာကြောင့် အာဆင်နယ်နဲ့ဘိုင်ယန်အသင်းတို့ ပထမပိုင်းမှာ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာပဲ ကိုစီယယ်လ်နီ ဒဏ်ရာရသွားတာကြောင့် ကီရန်ဂစ်ဘ်က ခေါင်းဆောင်အနေနဲ့ ဆက်လက်တာဝန်ယူကစားခဲ့ပါတယ်။

 ဂါဘရီယယ်လ်ဝင်လာခဲ့ပေမယ့်လည်း နောက်တန်းမှာ ဦးဆောင်သူမဲ့နေသလို အနေအထားကြောင့် ဘိုင်ယန်တို့ စိတ်ကြိုက်ခြယ်လှယ်ကစားသွားနိုင်ခဲ့ပြီး ဂိုးတွေကိုလည်း ခပ်လွယ်လွယ်နဲ့ပဲရရှိခဲ့ပါတယ်။



ဂိုးတွေကိုတော့ ကွင်းလယ်လူ သီယာဂိုကနှစ်ဂိုး ၊ လီဝန်ဒေါစကီးက တစ်ဂိုးနဲ့ မူလာက တစ်ဂိုးထပ်မံသွင်းယူပေးခဲ့တာကြောင့် အာဆင်နယ်တို့ မလိုချင်တဲ့လက်ဆောင်ဂိုးတစ်ပွေ့တစ်ပိုက်နဲ့ အိမ်ပြန်လာခဲ့ရပါတယ်။



( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment