Powered by Blogger.

စပိန်ဘုရင့်ဖလားမှာ မက်ဆီ ၊ ဆွာရက်ဇ်တို့ရဲ့ ဂိုးတွေနဲ့ အက်သလက်တီကိုကို ဘာကာအနိုင်ယူ



အက်သလက်တီကိုအသင်းရဲ့ အိမ်ကွင်း ဗင်းဆင့်ကယ်လ်ဒါရွန်မှာ ဘာစီလိုနာကတော့ တောင်အမေရိကတိုက်စစ်အတွဲ ဖြစ်တဲ့ ဆွာရက်ဇ် ၊ မက်ဆီတို့ရဲ့ဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီး စပိန်ဘုရင့်ဖလားရဲ့ ဆီမီးဖိုင်နယ်လ် ပထမအကျော့ကို ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

 ပထမပိုင်းဂိုးတွေနဲ့အတူ အေတီကို ဘာစီလိုနာအသင်းဦးဆောင်ကစားနိုင်ခဲ့ပြီး စပိန်ဘုရင့်ဖလားဖိုင်နယ်လ်လမ်းကြောင်းပေါ်ကို ရောက်ရှိဖို့ အခြေအနေကောင်းသွားခဲ့တာပါ။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီကတော့ နောက်ပိုင်းကာလတွေမှာ ဘာကာနဲ့တွေ့တိုင်းအခက်တွေ့စေခဲ့တဲ့ တန်ပြန်တိုက်စစ်ဟန်နဲ့ပဲ ဒီပွဲမှာလည်း ပွဲထွက်ကစားခဲ့ပြီး ပါးနပ်လွန်းတဲ့ ဘာစီလိုနာတိုက်စစ်ကြောင့် ဒုက္ခရောက်သွားခဲ့တာပါ။

ပွဲချိန် ခုနစ်မိနစ်မှာတင်ပဲ ဆွာရက်ဇ်က တစ်ကိုယ်တော်အစွမ်းနဲ့ နောက်ခံလူလေးယောက်ကို လှည့်စားနိုင်ခဲ့ပြီး ဂိုးကိုလည်း အသပ်ရပ်ဆုံး အဆုံးသတ်သွားခဲ့တာကြောင့် ဦးဆောင်ဂိုးရသွားခဲ့တာပါ။


အဲ့ဒီနောက် ပွဲချိန် ၃၃ မိနစ်မှာ မက်ဆီက ဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာကြောင့် ဒုတိယဂိုးထပ်ရသွားခဲ့ပါတယ်။ ၂၀၁၃ စပိန်ဘုရင့်ဖလားချန်ပီယံ အက်သလက်ကတော့ ဒုတိယပိုင်းမှာ ပိုကောင်းတဲ့ ကစားပုံကို ပြသနိုင်ခဲ့ပေမယ့်လည်း ၅၉ မိနစ်မှာ ဂရစ်ဇ်မန်းရဲ့ ခေါင်းတိုက်ဂိုးနဲ့ တစ်ဂိုးပြန်ရသွားခဲ့ပါတယ်။


ဘာကာနည်းပြ အင်းနရစ်ဟာ ကွင်းလယ်လူ ဘူးစကွက် ၊ အင်နီယေစတာတို့ကိုလည်းထုတ်မသုံးသေးဘဲ ခွန်အားသုံးတဲ့ ကွင်းလယ်ဖြစ် မာရှေယာနို ၊ ရာကီတစ် ၊ အန်ဒရေဂိုးမက်ဇ်တို့ရဲ့ ကွင်းလယ်နဲ့ အက်သလက်တီကို မာမာထန်ထန်ပြန်ကစားခဲ့တာပါ။ ဒီိလိုကစားခဲ့တာဟာ အကောင်းဆုံးရလဒ်ကို ဖြစ်စေခဲ့ပြီး လာမယ့် ဒုတိယအကျော့မှာတော့ စိတ်ဓာတ်အသာ ရလဒ်အသာနဲ့ ဘာစီလိုနာအသင်း သက်တောင့်သက်သာကစားနိုင်တော့မှာပဲဖြစ်ပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Goal


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment