Powered by Blogger.

ဆဲလ်တစ်အသင်းကစားသမား မူဆာဒမ်ဘီလီကို ခေါ်ယူဖို့အတွက် စိုင်းပြင်းနေတဲ့ ချယ်လ်ဆီး


ချယ်လ်ဆီးအသင်းကတော့ ဆဲလ်တစ်အသင်းရဲ့ ကစားသမား မူဆာဒမ်ဘီလီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပါတယ်။ စကော့တလန် ချန်ပီယံတို့ရဲ့ အရည်အသွေးမြင့်တဲ့ လူငယ်ကစားသမားကိုတော့ ချယ်လ်ဆီးအသင်းက ပေါင်သန်း ၃၀ လောက်ပေးဖို့ကို အဆင်သင့်ဖြစ်နေပြီး လာမယ့် နွေမှာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ပြင်သစ် ယူ-၂၁ အသင်းလက်ရွေးစင်ကတော့ ဖူလ်ဟမ်အကယ်ဒမီမှာ အသက် ၁၆ နှစ်တည်းကရင်း လာရောက်လေ့ကျင့်ကစားခဲ့တာဖြစ်ပြီး သူ့ရဲ့ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် ဆဲလ်တစ်အသင်းက လေးနှစ်စာချုပ်နဲ့ အရင်နှစ်နွေရာသီအပြောင်းအရွှေ့မှာ တစ်ခြားအသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

၃၈ ပွဲကစားပြီး ဂိုး ၂၀ အထိ သွင်းယူထားနိုင်တဲ့ မူဆာဒမ်ဘီလီကိုတော့ မန်စီးတီးအသင်းကလည်း စိတ်ဝင်စားလျက်ရှိနေပြီး ချယ်လ်ဆီးအသင်းနဲ့ အပြိုင်ကမ်းလှမ်းသွားဖွယ်ရှိနေပါတယ်။ မူဆာဒမ်ဘီလီရဲ့ အပြောင်းအရွှေ့အတွက်လည်း ချယ်လ်ဆီးအသင်း အလုပ်ရှုပ်နေသလို ၊ တစ်ဖက်မှာလည်း နောက်ခံလူ အိုင်ဗန်နိုဗစ်နေရာကို အစားထိုးဖို့အတွက် ရှော်ကေးနောက်ခံလူ ကိုလာစီနက်ကို ခေါ်ယူမှုနဲ့လည်း အလုပ်များလျက်ရှိနေပါတယ်။

နည်းပြကွန်တီကတော့ ဒီယေဂိုကော်စတာနဲ့ ဘတ်ရှူအာယီတို့ရှိနေတဲ့ ချယ်လ်ဆီးတိုက်စစ်ကို ထပ်မံအားဖြည့်လိုနေပြီး ဆွမ်ဆီးအသင်းရဲ့ တိုက်စစ်မှူးလော်ရန်တေးကိုလည်း ခေါ်ယူဖို့အခွင့်သာလျက်ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဒီယေဂိုကော်စတာကတော့ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ တရုတ်စူပါလိဂ်ရဲ့ ကြေးကြီးကြီး ကမ်းလှမ်းမှုကို အနည်းငယ်မျက်စိကျနေတာကြောင့် ကွန်တီကလည်း ချယ်လ်ဆီးအသင်းအတွက် အနာဂတ်တိုက်စစ်ကိုတောင့်တင်းအောင် ပြုလုပ်ချင်နေတာပါ။

ဆဲလ်တစ်အသင်းကတော့ ဖူလ်ဟမ်အသင်းနဲ့ စာချုပ်ကုန်ဆုံးသွားတဲ့ ဒမ်ဘီလီကို လက်မှတ်ထိုးကြေးအဖြစ် ပေါင်ငါးသိန်းသာ ကုန်ကျခဲ့ပြီး သူတို့အတွက်တော့ အမြတ်အစွန်းများစွာရမယ့် အပြောင်းအရွှေ့တစ်ရပ်ဖြစ်လာနိုင်ပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : The Guardian


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment