Powered by Blogger.

မန်ယူမှာ ပြန်ကစားနိုင်ဖို့ အချိန်စောင့်ရအုံးမယ့် Bailly


မန်ယူအသင်းရဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်နောက်ခံကစားသမား Eric Bailly ကတော့ မန်ယူအသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ အဆင်သင့်အနေအထားမှာရှိမနေသေးပါဘူး။

မန်ယူအသင်းရဲ့ ယူ-၂၃ အသင်းမှာ ပါဝင်ခြေစမ်းကစားခဲ့တဲ့ Bailly ဟာ သူ့ရဲ့ခြေကျင်းဝတ်ထိခိုက်ခံလိုက်ရတာကြောင့် ပွဲချိန် ၅၈ မိနစ်မှာတင်လူစားလဲခဲ့ရပါတယ်။

ကွင်းတွင်းမှာပဲ ဒီဒဏ်ရာကို ကုသမှုခံခဲ့ရပြီး ဒဏ်ရာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆက်လက်မကစားခိုင်းတော့တာဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာကတော့ ကြီးကြီးမားမားထိခိုက်မှုမျိုးမဟုတ်ပါဘူး။

ဒါပေမယ့်လည်း သူဟာ အာဖရိက ဖလားပွဲအတွက် အိုင်ဗရီကို့စ်အသင်းနဲ့အတူ သုံးပွဲလုံးမှာပါဝင်ကစားခဲ့ရပြီး ကြံ့ခိုင်မှုအခြေအနေတစ်ခုကြောင့် မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာပါဝင်လာခြင်းမရှိသေးတာပါ။

နည်းပြ မော်ရင်ဟိုကတော့ သူ့ရဲ့ စိတ်ကြိုက်နောက်ခံလူ Bailly ကို နားရက်အပြည့်ပေးပြီး အင်အားပြည့်ဖြစ်လာမှ ပြန်လည် ပွဲထုတ်ကစားသွားဖွယ်ရှိနေပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : The Guardian

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment