Powered by Blogger.

နောက်ဆုံးရ ဇန်နဝါရီအပြောင်းအရွှေ့သတင်းများ



ဇန်နဝါရီအပြောင်းအရွှေ့ကာလကတော့ ပရိသတ်တွေအားလုံးအတွက် ရင်ခုန်နှုန်းမြန်အုံးမယ့် အပြောင်းအရွှေ့ကာတစ်ခုပါပဲ။ လောလောဆယ်မှာတော့ တစ်ချို့အသင်းတွေက ကစားသမားဝယ်ယူမှုတွေကို ခြေသွက်လက်သွက်လုပ်ဆောင်နေကြပြီး တစ်ချို့သောအသင်းတွေကတော့ အငြိမ်ဇယားနဲ့ ဖြည်းဖြည်းချင်း ထင်မှတ်မထားတဲ့ အားဖြည့်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

ပထမဆုံးအနေနဲ့တော့ လီဗာပူးလ်အသင်းက သူတို့ရဲ့ တိုက်စစ်မှူးစတာရစ်ခ်ျရဲ့ နေရာမှာ ဒေါ့မွန်အသင်းရဲ့ ဂိုးသွင်းစက် တိုက်စစ်ကစားသမား အော်ဘာမီယန်းကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကတော့ တိုက်စစ်မှူး စတားရစ်ခ်ျရဲ့ ခြေစွမ်းကို မေးခွန်းထုတ်မှုတွေ ပြုလုပ်ခဲ့ပြီး အော်ဘာမီယန်းကို သဘောကျနေတယ်လို့ သိရပါတယ်။ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးကတော့ လီဗာပူးလ်အသင်းကို ရောက်ရှိဖို့အတွက် ပေါင်သန်း ၇၀ လောက် ငွေလမ်းခင်းရမယ်လို့ သိရပါတယ်။



နောက်ထပ်သတင်းတစ်ပုဒ်ကတော့ အီတလီ စီးရီးအေရပ်ဝန်းကပါပဲ။ ချယ်လ်ဆီးအသင်းက ကာလရှည်ကြာ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတဲ့ အတ္တလန္တာကွင်းလယ်ကစားသမား Franck Kessie ကို ရိုးမားအသင်းက ယူရိုသန်း ၃၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့တာပါ။

ယာယာတိုရေးလက်သစ်လို့ ခေါ်နေကြတဲ့ ကွင်းလယ်လူ Kessie ကိုတော့ PSG, ချယ်လ်ဆီးစတဲ့ အသင်းတွေက စောင့်ကြည့်နေခဲ့ကြပြီး ရိုးမားအသင်းက လက်ဦးမှုရယူသွားနိုင်ခဲ့တာပါ။ ရိုးမားအသင်းကတော့ ပြောင်းရွှေ့ကြေးအပြင် ကစားသမားနှစ်ယောက်ကိုပါ အလိုက်ပေးလဲလှယ်ခဲ့တယ်လို့ သိရပါတယ်။


ဒီတစ်ခါကတော့ အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်းရဲ့ သတင်းပဲဖြစ်ပါတယ်။ မန်ယူအသင်းက ဒီစူပါစတားကို ခေါ်ယူဖို့အတွက် ပေါင် ၈၅ သန်းအထိ အသုံးပြုမယ်လို့ ပြောထားပြီး သူ့ကို ခေါ်ယူဖို့အတွက်တော့ အာဆင်နယ်အသင်းကပါ စိတ်ဝင်စားလာခဲ့တာပါ။ အာဆင်နယ်တို့ကတော့ ဒီကစားသမားအတွက် စာချုပ်လျော်ကြေးနဲ့ ပြောင်းရွှေ့ကြေးအလုံးစုံကို အသင့်ပြင်ထားတယ်လို့ သိရပြီး သရဲနီတွေထက် လက်ဦးမှုရယူဖို့ရှိနေတာပါ။ ပြင်သစ်သားအချင်းချင်းဆို နေရာပေးတတ်တဲ့ အာစင်ဝင်းဂါးကတော့ သူ့အကြောင်း ဘာမှမပြောသေးပေမယ့်လည်း အက်သလက်တီကိုအသင်းက အာဆင်နယ်ကစားသမား ဆန်းချက်ဇ်ကို ပြန်စိတ်ဝင်စားလျက်ရှိနေပါတယ်။


ဆက်စပ်သတင်းတွေအရလည်း စပါးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းတောင်ပံကစားသမား ဇာဟာကို စပါးအသင်းက စိတ်ဝင်စားနေပြီး ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ခေါ်ယူဖွယ်ရှိတယ်ဆိုတဲ့ သတင်းနဲ့ မန်ယူအသင်းက ရွန်းနီရဲ့ တရုတ်စူပါလိဂ်အပြောင်းအရွှေ့သတင်းတွေကို ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။ လက်စတာအသင်းဟာလည်း သူတို့ရဲ့ တိုက်စစ်မှူး ဆယ်လ်မာနီကို ပေါင် ၃၈ သန်းနဲ့  တရုတ်ကလပ် Tianjin Quanjian အသင်းက ကမ်းလှမ်းမှုကို ပယ်ချသွားတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Goal


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment