Powered by Blogger.

တိုက်စစ်မှူးမိုရာတာကို ပေါင် ၅၁သန်းဟု ရီးယဲလ်ဈေးသတ်မှတ်


ရီးယဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူးဖြစ်သူ Albaro Morato အတွက် ထိုက်တန်တဲ့ ကမ်းလှမ်းမှုရရှိပါက ရောင်းချသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ စပိန်သတင်းတွေအရသိရပါတယ်။ မိုရာတာဟာ ပြီးခဲ့တဲနွေအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်ကနေ  ရီးယဲလ်ကိုပြန်လည်ရောက်ရှိလာခဲ့ပေမယ့် ဘာနေဗျူးမှာ မပျော်မရွှင်ဖြစ်နေကြောင်း သတင်းတွေထွက်နေတာပါ။ '

မိုရာတာကို လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က စိတ်ဝင်စားနေတာဖြစ်ပြီး အခွင့်အရေးရှိရင်ခေါ်ဖို့အတွက် နှစ်သင်းလုံးက အသင့်ဖြစ်နေကြောင်း ဆိုကြပါတယ်။ ဒါကြောင့် မိုရာတာကလည်း သူ့ဘဝသစ်ပြန်စလိုတဲ့အနေနဲ့ အသင်းပြောင်းဖို့ ဆန္ဒရှိနေတာပါ။

ရီးယဲလ်ဥက္ကဌဖြစ်သူ ဖလော်ရင်တီနိုပီရက်ဇ်က “မိုရာတာအတွက် ယူရို သန်း၆၀ (ပေါင် ၅၁သန်း) ဒီနေ့ပေးရင် မနက်ဖြန်ရောင်းမယ်” လို့ ဆိုခဲ့ကြောင့်း စပိန်မီဒီယာ Diario Gol ကဆိုပါတယ်။

အသက် ၂၄နှစ်အရွယ် တိုက်စစ်မှူးအတွက် ဒီလောက်များတဲ့ဈေးကို လန်ဒန်နှစ်သင်းပေးချေမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment