Powered by Blogger.

ကွင်းသစ်ကို ပေါင်သန်း ၅၀၀ အကုန်အကျခံပြီး ပြင်ဆင်တည်ဆောက်မယ့် ချယ်လ်ဆီး



ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းဖြစ်တဲ့ Stamford Bridge ကို ပေါင်သန်း ၅၀၀ အကုန်အကျခံ ပြီး ပြင်ဆင်တည်ဆောက်မယ့် အစီအစဉ်ကို ထုတ်ဖော်လိုက်ပါတယ်။

ကစားကွင်းကို ဝန်းရံထားတဲ့ မြေဟာ Chelsea Pitch Owners (CPO) ဆိုတဲ့ အဖွဲ့တစ်ဖွဲကပိုင်ဆိုင်တာဖြစ်ပြီး ဒါကို ကလပ်ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ Ken Bates က ၁၉၉၂ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် ပန္နက်ချခဲ့တာပါ။

ဒီလအစောပိုင်းတုန်းက ချယ်လ်ဆီးဟာ စတန်းဖို့ဒ်ဘရစ်ခ်ျကို ပြန်လည်ပြင်ဆင်တည်ဆောက်ဖို့အတွက် လန်ဒန်မြို့တော်ရဲ့ Mammersmith နဲ့ Fulham ကောင်စီတွေက ခွင့်ပြုချက် ရရှိခဲ့တာပါ။ ဒါပေမယ့် လုပ်ငန်းစတင်ဖို့အတွက် CPO ထံကနေ ခွင့်ပြုချက်လိုအပ်နေသေးတာလည်း ဖြစ်ပါတယ်။


The Sun ရဲ့ ပြောကြားချက်အရ CPO က ချယ်လ်ဆီးကို အဆိုပါမြေနေရာတွေအတွက် ၉၉၉နှစ်အထိ ငှားရမ်းထားဖို့ အလိုရှိပေမယ့် ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ခ်ျက အဆိုပါမြေတွေကို အပြီးတိုင် ဝယ်ယူလိုနေတာကြောင့်လည်း လက်ရှိအဆင့်မြှင့်တင်ရေး စီမံကိန်းကို နှောင့်နှေးကြန့်ကြာစေနေတာဖြစ်တယ်လို့ သိရပါတယ်။



( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment