Powered by Blogger.

ဘယ်ပရီးမီးယားလိဂ်အသင်းက ကမ္ဘာပေါ်မှာ ပရိတ်သတ်အများဆုံးလဲ?



ကမ္ဘာတစ်ဝန်းက ပရီးမီးယားလိဂ်ပရိတ်သတ်တွေကို လူမှုကွန်ယက်မှာ Follow လုပ်ထားကြတဲ့ နှုန်းထားနဲ့ တိုင်းတာကြည့်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက် အသင်းက အားပေးသူ ၉၅သန်းကျော်နဲ့ ကမ္ဘာ့ပရိတ်သတ်အင်အားအများဆုံးအသင်းအဖြစ်နဲ့ ရပ်တည်နေပါတယ်။
နောက်မှာတော့ ချယ်လ်ဆီးအသင်းမန်နေဂျာ အန်တိုနီယိုကွန်တီက အသင်းကိုနည်းပြတဲ့ ငါးဦးမြောက် အီတာလျံနည်းပြအဖြစ် ပြီးခဲ့တဲ နွေရာသီက ရောက်လာပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းရဲ့ ရေပန်းစားမှုဟာလည်း တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြီး Followers ပေါင်း ၇၅သန်းအထိ ရောက်ရှိကာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ချယ်လ်ဆီးနောက်မှာတော့ အားလုံးထင်ကြတဲ့အတိုင်းပဲ နောက်ထပ်လန်ဒန်ကလပ်တစ်ခုပဲ ဖြစ်တဲ့ အာဆင်နယ်အသင်းက ပရိသတ် ၄၂.၅သန်းနဲ့ ရပ်တည်နေခဲ့တာပါ။ အာဆင်နယ်ပရိတ်သတ်အများစုဟာ နမူနာပြရရင် အာဖရိကနိုင်ငံတွေမှာတွေ့နိုင်ပြီး အီသီယိုးပီးယား၊ ကင်ညာ၊ ယူဂန္ဓာတို့လိုနိုင်ငံတွေဖြစ်တယ်လို့ သိရပါတယ်။

လူးဝစ်ဇ်ဆွာရက်ဇ်ကစားခဲ့တုန်းက ရေပန်စားမှုပိုမိုများပြားလာခဲ့တဲ့ လီဗာပူးကတော့ အရှိန်မကျသေးပဲ  ပရိတ်သတ် ၃၂.၅သန်းရှိပါတယ်။ ဒီနှုန်းထားက မန်စီးတီးအသင်းနဲ့ အတူတူခန့်ရှိတာလည်းဖြစ်ပါတယ်။

လေ့လောမှုကို Unibet က ဘောလုံးအသင်းတွေကို Follow လုပ်ထားတဲ့ Facebook Audience အရေအတွက်ပေါ်မူတည်ပြီး ဆုံးဖြတ်ခဲ့တာပါ။

( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment