Powered by Blogger.

ဆယ်လ်တာဗီဂိုအသင်းကို နှစ်ဂိုးစီသရေကျပြီး စပိန်ဘုရင့်ဖလားကနေ ထွက်ခွာခဲ့ရတဲ့ ရီးရဲလ်



ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဆယ်လ်တာဗီဂိုအသင်းကို ရှုံ့းနိမ့်ခဲ့တဲ့ ပထမအကျော့ ရှုံးကြွေးကို မဆပ်နိုင်ခဲ့တဲ့အပြင် သရေကျအောင် အသည်းအသန်ကစားခဲ့ရပါတယ်။ ရော်နယ်လ်ဒိုနဲ့ ရာမို့စ်တို့ကတော့ ဂိုးပေါက်ကို အကြိမ်အတော်များများခြိမ်းခြောက်နိုင်ခဲ့ပေမယ့်လည်း ဂိုးကံခေနေတာကြောင့် အခုလိုသရေရလဒ်ကို ရီးရဲလ်အသင်းလက်ခံခဲ့ရတာဖြစ်ပါတယ်။


ရီးရဲလ်အသင်းဟာ ဆယ်လ်တာဗီဂိုအသင်းရဲ့ တိုက်စစ်ကိုလည်း ခက်ခက်ခဲခဲပြန်လည် ထိန်းချုပ်ကစားခဲ့ရပြီး ဆယ်လ်တာဗီဂိုနောက်ကနေလိုက်ကစားခဲ့ရတာပါ။ အဖွင့်ဂိုးကိုတော့ ဆယ်လ်တာဗီဂိုတိုက်စစ်မှူး ဂွီဒက်တီကန်တာကို ဂိုးသမား ကာဆီလာကာကွယ်နိုင်ခဲ့ပေမယ့် အရှိန်နဲ့ပြေးဝင်လာတဲ့ ဒန်နီလိုနဲ့ ထိသွားတာကြောင့် ဂိုးဝင်သွားခဲ့တာပါ။ အဲ့နောက်မှာတော့ ရော်နယ်လ်ဒိုက ပြစ်ဒဏ်ဘောကနေ လှလှပပ တိုက်ရိုက်ကန်သွင်းပြီး ချေပဂိုးပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်။


ပွဲပြီးခါနီးအထိ ရီးရဲလ်တို့ ဖိအားပေးပြီး ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့်လည်း ဆယ်လ်တာဗီဂိုအသင်းရဲ့ တန်ပြန်တိုက်စစ်ကနေ ဂိုးပြန်ပေးလိုက်ရတာကြောင့် ဖိအားဝင်သွားခဲ့ပါတယ်။ ၈၆ မိနစ်မှာတော့ လူစားဝင်လာတဲ့ လူးကပ်စ်ဗက်ကေးက ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် နောက်ထပ်အနိုင်ဂိုးသွင်းယူနိုင်ဖို့တော့ မစွမ်းနိုင်တော့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄-၃ နဲ့ ဆယ်လ်တာဗီဂိုအသင်းက နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။


( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment