Powered by Blogger.

လိဂ်ဖလားဆီမီးဖိုင်နယ်မှာ ဆောက်သမ်တန်ကို ရှုံးပြီး လက်ပြနှုတ်ဆက်ခဲ့ရတဲ့ လီဗာပူးလ်



ဆောက်သမ်တန်အသင်းကတော့ လိုအပ်နေတဲ့ ရလဒ်ကို အဝေးကွင်း အန်ဖီးလ်မှာ အကောင်းဆုံး ကစားပြီး ရယူသွားနိုင်ခဲ့ပါတယ်။ ပထမအကျော့တုန်းကတော့ အိမ်ကွင်း စိန့်မေရီမှာ နာသန်ရက်ဒ်မွန်းရဲ့ တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရခဲ့ပြီး အဝေးကွင်းမှာလည်း တန်ပြန်တိုက်စစ်ကစားပုံနဲ့ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့တာကြောင့် ထပ်ပြီး နိုင်ပွဲရရှိခဲ့တာပါ။

လီဗာပူးလ်အသင်းကတော့ လိုအပ်နေတဲ့ ဂိုးရဖို့အတွက် စိတ်လောနေခဲ့ပြီး အကောင်းဆုံး အခွင့်အရေးတွေက ဂိုးမဖြစ်ခဲ့တာက နစ်နာခဲ့တာပါ။ တိုက်စစ်မှူး စတားရစ်ခ်ျရဲ့ အဖိုးတန်အခွင့်အရေးနှစ်ကြိမ်လောက်ဂိုးမဖြစ်ခဲ့တာကလည်း အနစ်နာဆုံး ဖြစ်သွားစေတာပါ။


တစ်ပွဲလုံးကို လီဗာပူးလ်အသင်းက အခွင့်အရေးအသာ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ဆောက်သမ်တန်အသင်းကတော့ ပွဲပြီးခါနီးမိနစ်နှစ်ဆယ်မှာသာ အနည်းငယ်တင်ကစားခဲ့တာပါ။


 ဆောက်သမ်တန်အသင်းရဲ့ လူငယ်နောက်ခံလူ ဂျက်စတီဖင်ရဲ့ လီဗာပူးလ်အသင်းတိုက်စစ်မှူး အော်ရီဂီကို ဖျက်ထုတ်မှုဟာ ပင်နယ်တီရနိုင်တဲ့ အနေအထားရှိနေပေမယ့်လည်း ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်က မပေးခဲ့တာကြောင့် လီဗာပူးလ်အသင်းအတွက် နစ်နာသွားခဲ့ပါတယ်။


ဆောက်သမ်တန်အသင်းကတော့ မိနစ်ကိုးဆယ်ကျော်မှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီး တိုက်စစ်မှူးရှိန်းလောင်းက အကောင်းဆုံးအဆုံးသတ်သွားခဲ့တာကြောင့် လိဂ်ဖလားဖိုင်နယ်လ်ကို အသာအယာတက်ရောက်သွားနိုင်ခဲ့တာပါ။


ယာဂန်ကလော့ပ်ကတော့ လီဗာပူးလ်အသင်းအတွက် ဖလားတစ်လုံးရယူပေးနိုင်ဖို့ မျှော်လင့်ချက်ဝေးသွားခဲ့ရပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ဆောက်သမ်တန်အသင်းဟာ မန်ယူနဲ့ ဟားလ်စီးတီးတို့ တွေ့ဆုံမှုက အနိုင်ရရှိလာသူနဲ့ ထိပ်တိုက်ကစားသွားရမှာဖြစ်ပါတယ်။


( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment