Powered by Blogger.

လီဗာပူးလ်အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်တဲ့ ကော်တင်ဟို



လီဗာပူးလ်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ကော်တင်ဟိုကတော့ လီဗာပူးလ်အသင်းမှာ သက်တမ်းရှည်ကြာဆက်ရှိနေမယ့် စာချုပ်တစ်ရပ်ကိုချုပ်ဆိုလိုက်ပါပြီ။

 ၂၀၂၂ ခုနှစ်အထိ ဘရာဇီးလ်လက်ရွေးစင်ဟာ အန်ဖီးလ်မှာ ဆက်ရှိနေတော့မှာဖြစ်ပြီး ဒီရာသီ လီဗာပူးလ်အသင်းအတွက် ၁၈ ပွဲကစားညီ့း ခြောက်ဂိုးအထိ သွင်းယူပေးထားတဲ့ ကစားသမားကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ကော်တင်ဟိုဟာ မကြာသေးခင်ကမှ ခြေကျင်းဝတ်ဒဏ်ရာကနေ သက်သာလာတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့ ကော်တင်ဟိုကတော့ အခုလိုပဲ ပြောပါတယ်။

 “ကျွန်တော်အသင်းမှာရှိနေတဲ့ လူအားလုံးကို ကျေးဇူးတင်လိုပါတယ်။ ကျွန်တော်
 စာချုပ်သစ်ချုပ်ဆိုရတာ အရမ်းကို ပျော်နေပါတယ်။ ကျွန်တော့်အပေါ်ထားတဲ့ ယုံကြည်မှုတွေအတွက် ကျွန်တော်အကောင်းဆုံး ကြိုးစားကစားပြီး ပြန်ကျေးဇူးဆပ်သွားမှာပါ။ ”

“ကျွန်တော် ဒီနေရာမှာ နောက်ထပ်နှစ်တွေထပ်နေချင်သေးလို့ စာချုပ်သစ်ချုပ်ဆိုလိုက်တာပါ။ ကျွန်တော်ကတော့ ဒီအသင်းကို အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် နေ့တိုင်းမှာပိုပို ကြိုးစားနေပြီး ကြိုးစားပြီးလည်း သင်ယူနေပါတယ်။ ကျွန်တော့် ခြေစွမ်းက ကျဆင်းသွားမှာ မဟုတ်ဘဲ ဒဏ်ရာမရခင်ကအတိုင်း ကောင်းကောင်းကစားနိုင်အုံးမယ်ထင်ပါတယ်” လို့ ကော်တင်ဟို က ပြောကြားခဲ့ပါတယ်။


ကလော့ပ်ကတော့ သူတို့ဟာ လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ဆောင်နေပြီး ကော်တင်ဟိုဟာလည်း သူမျှော်လင့်နေတဲ့ အောင်မြင်မှုတွေကို ဒီအသင်းမှာ ရရှိနိုင်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကော်တင်ဟိုဟာ ၂၀၁၃ ဇန်နဝါရီလအတွင်းက လီဗာပူးလ်အသင်းကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားနိုင်ခဲ့ပါတယ်။ ကော်တင်ဟိုဟာ ကလော့ပ်လက်ထက်မှာ ၅၁ ပွဲကစားခွင့်ရထားပြီး ၁၇ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။

သူ့ကိုတော့ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းက အခုလိုပဲ စာချုပ်သစ်ချုပ်ဆိုနိုင်လိုက်တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ လက်လျှော့သွားရဖွယ်ရှိနေပါတယ်။

( Mocha )
#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)
Ref : SkySports

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment