Powered by Blogger.

အတ္တလန်တာကွင်းလယ်လူ Franck Kessie အတွက် Chelsea ပေါင် ၃၄သန်းအထိ ပေးချေရဖွယ်ရှိ



ချယ်လ်ဆီးအသင်းဟာ အတ္တလန်တာကွင်းလယ်လူ Farnck Kessie အတွက် ပေါင် ၃၄သန်း ပေးပြီးခေါ်ယူရဖို့ ရှိနေတယ်လို့ သိရပါတယ်။


The Guardian ရဲ့ ပြောကြားချက်အရ နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီဟာ အိုင်ဗရီကို့စ်ကစားသမားကို ဒီ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့အတွက် အလိုရှိနေခဲ့တာပါ။

အဲ့ဒီအပြင် သတင်းအရ စီးရီးအေကလပ်ဟာ အသက် ၂၀အရွယ် ကစားသမားအတွက် ပေါင်သန်း ၃၀ကနေ ၃၄သန်းကြားပမာဏအထိ အလိုရှိနေကြောင်း သိရပါတယ်။

အော်စကာထွက်ခွာသွားခဲ့ပြီး၊ ဝါရင့်ကွင်းလယ်လူ အိုဘီမီခေးလ်လည်း ထွက်ဖို့ရှိနေတဲ့ ချယ်လ်ဆီးကွင်းလယ်မှာ Franck အပြင် ရီးရဲလ်ကွင်းလယ်ကစားသမား James Rodriguez ကိုလည်း ခေါ်ယူဖို့အတွက် သတင်းတွေ ပြေးနေခဲ့ပါတယ်။

( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment