Powered by Blogger.

ပွဲစဉ်အချိန်ဇယားဟာ အသင်းတွေအတွက်မညီမျှလို့ စိတ်ပျက်လျက်ရှိနေတဲ့ အာစင်ဝင်းဂါး


အာဆင်နယ်အသင်းရဲ့ နည်းပြ အာစင်ဝင်းဂါးကတော့ သူ့ရဲ့ နည်းပြသက်တမ်းနှစ် ၂၀ ကျော်အတွင်းမှာ ဒီရာသီရေးဆွဲထားတဲ့ ပွဲစဉ်ဇယားဟာ စိတ်ပျက်စရာအကောင်းဆုံးဖြစ်နေတယ်လို့ ယုံကြည်နေပါတယ်။

တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ဒီနေ့ညမှာ ဘုန်းမောက်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ကစားရမှာပါ။ မနေ့ညက ပွဲစဉ်တွေမှတော့  မန်စီးတီးတို့အနိုင်ရသွားပြီး လီဗာပူးလ်အသင်းကတော့ သရေကျခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ အမှတ်ပြည့်ရယူပြီး အမှတ်ကွာဟချက် ကျဉ်းမြောင်းအောင် ပြုလုပ်နိုင်မယ့် အခွင့်အရေးရှိနေတာပါ။

“ဒီရာသီကတော့ ကျွန်တော်ကြုံဖူးတဲ့ နှစ် ၂၀ ကျော်ကာလ အတွင်းမှာ ပွဲစဉ်ရေးဆွဲမှုမညီမျှဆုံးဖြစ်နေတယ်။ ကျွန်တော်တို့နဲ့ တစ်ခြားအသင်းတွေရဲ့ နားရက်က တကယ်မယုံကြည်နိုင်လောက်အောင်ကို နည်းလွန်းနေတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးကြီးမားတဲ့ရုပ်သံစာချုပ်ကြောင့် အသင်းတိုင်းဟာ ရုပ်သံလိုင်းရဲ့ စိတ်ကြိုက်ပဲ ပွဲစဉ်တွေကိုကစားနေရတယ်လို့လည်း အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။
ထိပ်ဆုံးနေရာက ချယ်လ်ဆီးကတော့ နားရက်တစ်ရက်ပိုရခဲ့ပြီး စပါးအသင်းနဲ့ပွဲကို မနက်ဖြန်မှာ ယှဉ်ပြိုင်ရမှာပါ။ နားရက်အနည်းဆုံးဖြစ်ခဲ့တဲ့ ဆောက်သမ်တန်အသင်းကတော့ သုံးပွဲဆက်တိုက်ကစားခဲ့ရာမှာ သုံးပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။

အောက်က ဇယားကတော့ အသင်းတွေအတွက် EPL တစ်ပွဲနဲ့တစ်ပွဲကြား နားချိန်နာရီဇယားဖြစ်ပါတယ်။

1
Chelsea
223

2
Watford, Crystal Palace
201.5

3
Swansea
199

4
Arsenal, Bournemouth
198.75

5
Stoke
172.75

6
West Ham
172.5

7
Man Utd
172.25

8
Burnley, Everton, Sunderland, Tottenham, West Brom
170

9
Hull, Man City
167.75

10
Leicester, Middlesbrough
167.5

11
Liverpool
143.75

12
Southampton
117



( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment