Powered by Blogger.

မော်ရင်ဟိုအတွက် အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာလိုကြောင်း အီဗရာဆို


ဂျူဗင်တပ်စ်နောက်ခံလူ အီဗရာက  အိုးထရက်ဖို့ဒ်ကို ပြန်လာပြီး မန်ယူအသင်းမှာ ကစားသမားဘဝ အဆုံးသတ်လိုကြောင်း မိတ်ဆွေဖြစ်သူတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၅နှစ်အရွယ် ဘယ်နောက်ခံလူအနေနဲ့ ကလပ်မှာ ၂၀၁၄ခုနှစ်အထိ ကစားခဲ့ပြီး ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တာပါ။


အီဗရာဟာ လုခ်ရှောရောက်လာပြီးတဲ့နောက် အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအပြင် လက်ရှိ ဂျူဗင်တပ်စ်အသင်းမှာလည်း ဆန်ဒရိုရဲ့အရံအဖြစ်သာ ကစားနေရာတာဖြစ်ပြီး အနားမယူခင် မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားလိုနေတာပါ။

The Times ရဲ့ ရေးသားချက်အရ အီဗရာဟာ အီတလီကနေ ပြန်လည်ပြောင်းရွှေ့လိုကြောင်း ဖာဒီနန်ကို ဖွင့်ဟခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အီဗရာဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၉နှစ်ကြာကစားခဲ့ပြီး ပရီးမီယားလိဂ်အပါအဝင်၊ ချန်ပီယံလိဂ်ဖလားနဲ့ အခြားဖလားတွေ ရရှိခဲ့ပါတယ်။

( U Min Thant )

#sports.thithtoolwin.com

#သစ်ထူးလွင်(အားကစား)

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment