Powered by Blogger.

ချယ်လ်ဆီးနည်းပြအဖြစ် နောက်ထပ် ၁၀နှစ်အထိ ဆက်လုပ်ဖို့ ရည်ရွယ်ထားကြောင်း ကွန်တီဆို



ချယ်လ်ဆီးနည်းပြ အန်တိုနီယိုကွန်တီဟာ နောက်ထပ် ချယ်လ်ဆီးမှာ နောက်ထပ် ၁၀နှစ်အထိ လုပ်ကိုင်ပြီးမှ အနားယူဖို့အတွက် ရည်ရွယ်ထားတယ်လို့ ကြေငြာခဲ့ပါတယ်။

 ပြီးခဲ့တဲ့ နွေရာသီက ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာပြီး ရလဒ်ကောင်းတွေရရှိနေတဲ့ ကွန်တီဟာ ၁၃ပွဲကြာနိုင်ပွဲဆက်မှုရပ်တန့်ခဲ့တဲ့ တော့တင်ဟမ်အသင်းနဲ့တွေ့ဆုံပြီး ၂-၀ နဲ့ အရှုံးပေးခဲ့ရတဲ့ပွဲအပြီးမှာ အခုလို ဆိုခဲ့တာပါ။

အသင်းရဲ့နည်းစနစ် ဒါရိုက်တာ Michael Emanalo ကတော့ လက်ရှိမှာ သူ့အနေနဲ့ ကွန်တီကို ချယ်လ်ဆီးမှာသာ ထာဝရနည်းပြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒီသီတင်းပတ်အစောပိုင်းတုန်းကလဲ ပပ်ဂွာဒီယိုလာက သူ့အနေနဲ့ အီတာလျံနည်းပြရဲ့ အကြံဥာဏ်နဲ့ စိတ်သဘောထားတွေပုံစံအတိုင်း သူ့နည်းပြဘဝမှာဖြစ်ပေါ်လာအောင် လိုက်နာကျင့်သုံးမှာဖြစ်ကြောင်း ချီးမွန်းခဲ့ပါသေးတယ်။

ကွန်တီကတော့ "ဆာအဲလက်စ်ဖာဂူဆန်ဟာ ကျွန်တော့်အတွက် နမူနာကောင်းပါပဲ" လို့ဆိုပါတယ်။

"ကျွန်တော့်အနေနဲ့ သူ့(ဖာဂူဆန်) ကိုတွေ့တိုင်း၊ အာစင်ဝင်းဂါးကိုတွေ့တိုင်း၊ သူတို့ရဲ့ ကာလရှည်နည်းပြမှုကို သဘောကျခဲ့ပါတယ်။ ဒါပေမယ့် ဆယ်နှစ်ဆိုရင်တော့ လုံလောက်ပြီလို့ ထင်ပါတယ်" လို့ဆိုခဲ့ပါတယ်။  

( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment