Powered by Blogger.

Fifa ကမ္ဘာ့အကောင်းဆုံး အမျိုးသားကစားသမားဆုကို စီရော်နယ်ဒို ဆွတ်ခူး



ရီးယဲလ်စတား စီရော်နယ်ဒိုဟာ ၂၀၁၆ခုနှစ်အတွက် Fifa ကမ္ဘာ့အကောင်းဆုံး အမျိုးသား ကစားသမားဆုကို ဆွတ်ခူးရရှိသွားတယ်လို့ သိရပါတယ်။ ပေါ်တူဂီကစားသမားအနေနဲ့ ဒီဆုကို အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

ဆုကို ပရိတ်သတ်၊ ဂျာနယ်လစ်၊ နိုင်ငံတကာအသင်းခေါင်းဆောင်တွေနဲ့ နိုင်ငံအသင်းနည်းပြတွေရဲ့ မဲပေးရွေးချယ်မှုအားလုံးရဲ့ ၂၅ရာခိုင်နှုန်းကို ထည့်သွင်းရေတွက်တာပါ။
ဒါဟာဆိုရင် အသက်၃၁နှစ်အရွယ် ကစားသမားရဲ့ ၄ကြိမ်မြောက်ဆွတ်ခူးရရှိမှုဖြစ်ပြီး ယခင်က တစ်ဆုတည်းဖြစ်တဲ့ Ballon d Or ဆုကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရရှိထားခဲ့တာပါ။

ရော်နယ်ဒိုဟာဆိုရင် ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်၊ မိခင် ပေါ်တူဂီနဲ့အတူ ယူရိုဖလားတွေကို အကောင်းဆုံး ခြေစွမ်းတွေနဲ့ ရရှိခဲ့တာကြောင့် မက်ဆီကို အကောင်းမွန်ဆုံး ကျော်တက်နိုင်ခဲ့တာပါ။

အမေရိကန်အမျိုးသမီးအသင်းရဲ့ ကစားသမား ကာလီလွိုက်က ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးကစားသမားဆုနဲ့ လက်စတာအသင်းနည်းပြ ရာနီရေးရီက ကမ္ဘာ့အကောင်းဆုံး နည်းပြဆုတွေရရှိခဲ့ပါတယ်။

( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment