Powered by Blogger.

အာဂျင်တီးနားမှာရှိတဲ့ မက်ဆီရဲ့ ကြေးရုပ်ထု ဖျက်စီးခံရ


ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် နံပါတ် ၁၀ ကစားသမား မက်ဆီရဲ့ ရုပ်ထုကတော့ ဖျက်ဆီးခံလိုက်ရပါတယ်။ အခုလို မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ထားရှိတဲ့ ရုပ်ထုဟာ တစ်နှစ်တောင်မကြာခင်မှာပဲ အခုလို အဖျက်အမှောင့်လုပ်သူတွေနဲ့ တွေ့ကြုံလိုက်ရတာပါ။

 မက်ဆီရဲ့ မွေးရပ်မြေ နိုင်ငံ အာဂျင်တီးနားရဲ့ မြို့တော် ဘရူနိုအေးရိစ်မှာ ဒီရုပ်ထုကို ထားရှိထားတာဖြစ်ပါတယ်။

မက်ဆီဟာ ကိုပါအမေရိကဖိုင်နယ်လ်မှာ ပင်နယ်တီချော်ခဲ့တာကြောင့် အာဂျင်တီးနားအသင်းကနေ အနားယူပြီလို့ ကြေညာခဲ့ပြီး သူ့ကို ပြန်ကစားစေချင်တဲ့ campaign တစ်ခုအနေနဲ့ အခုလိုပဲ ရုပ်ထုကို မြို့တော်ဝန်ကိုယ်တိုင်က တာဝန်ယူထားရှိခဲ့တာပါ။

အာဂျင်တီးနားရဲ့ အထင်ကရ အားကစားသမားတွေရဲ့ ရုပ်ထုကိုတော့ “Glory Walkway” ဆိုပြီး လျှောက်လမ်းတစ်ခုနဲ့ သတ်သတ်မှတ်မှတ်ထားရှိတာဖြစ်ပြီး ဒီလိုဖျက်ဆီးခံရမှုကြောင့် တစ်ခြားရုပ်ထုတွေရဲ့ လုံခြုံရေးကိုပါ စိုးရိမ်လာရပါတယ်။

ခါးလယ်ကနေ ဖျက်ဆီးခံရတဲ့ မက်ဆီရဲ့ ကြေးရုပ်ထုကိုတော့ မြို့တော်အစိုးရအဖွဲ့က ပြန်လည်ပြင်ဆင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

( Mocha )
#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)
Ref : Goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment