Powered by Blogger.

မန်ယူအသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပြန်လာလိုနေတဲ့ အီဗရာ



မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမား ပက်ထရစ်အီဗရာဟာ အသင်းနည်းပြဖြစ်သူ မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပြန်လာဖို့အတွက် ကမ်းလှမ်းခဲ့တယ်လို့ အီတလီသတင်းတစ်ပုဒ်က ဆိုပါတယ်။

အသက် ၃၅နှစ်အရွယ် ကစားသမားဟာ အိုးလ်ထရက်ဖို့ကို ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်ကနေ ပြန်လာဖို့အတွက် အလိုရှိနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုအနေနဲ့ အခုလို ကစားသမားဘဝ အဆုံးသတ်ချိန်မှာ နည်းပြအဖြစ်အလိုရှိနေတာပါ။

အီဗရာအနေနဲ့ မော်ရင်ဟိုပေးတဲ့အကြံကို လက်ခံပြီး မန်ယူကို နည်းပြအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပြန်လာဖို့အတွက် ဆန္ဒရှိနေကြောင်းလည်း သတင်းက ရေးသားထားတာ ဖြစ်ပါတယ်။


( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment