Powered by Blogger.

မြို့တော်ကောင်စီရဲ့ ခွင့်ပြုချက်ကြောင့် ကွင်းသစ်တည်ဆောက်ရေး စီမံကိန်းကို ချယ်လ်ဆီးစတင်မည်



လက်ရှိရှိနေတဲ့ ပရိသတ် ၄၁၆၀၀ သာ ဝင်ဆန့်တဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းရဲ့နေရာမှာ အစားထိုးတည်ဆောက်မယ့် ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းသစ်ကြီးတည်ဆောက်ရေး စီမံကိန်းကတော့ အကောင်အထည်ပေါ်လာပါပြီ။ မနှစ်တည်းက ဒီကွင်းပုံစံကို မိတ်ဆက်ခဲ့ပြီး လောလောဆယ်မှာတော့ လန်ဒန်မြို့တော်ဝန်ကောင်စီက ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့် ကွင်းသစ်တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်အကောင်အထည်ဖော်သွားတော့မှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ စတမ်းဖို့ဒ်ဘရစ်ကွင်းသစ်ဟာ ပေါင်သန်းခြောက်ရာတန်ကြေးရှိပြီး သုံးနှစ်အတွင်းပြီးစီးအောင် ဆောက်လုပ်သွားမှာပါ။ ဒါ့ကြောင့်  ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ကွင်းသစ်မှာ ၂၀၂၀-၂၀၂၁  ရာသီအစမှာမှာ စတင်ကစားနိုင်မှာလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ တည်ဆောက်နေစဉ်ကာလအတွင်းမှာ ကွင်းငှားရမ်းဖို့ ချယ်လ်ဆီးအသင်းအခက်တွေ့နေပြီး သူတို့အနေနဲ့ ဝင်ဘလေကွင်းကို ငှားရမ်းလိုပေမယ့်လည်း ကွင်းသစ်တည်ဆောက်ရေး စီမံကိန်းတွေစတင်နေတဲ့ စပါးအသင်းနဲ့ တိုက်နေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျရဲ့ဒီဇိုင်းအဖွဲ့ကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နာမည်ကျော် အလိုင်းယန့်အရီနာကွင်းနဲ့ ဘေဂျင်းက ငှက်သိုက်ပုံ အားကစားကွင်းတို့ကို တည်ဆောက်ခဲ့တဲ့ Herzog & de Meuron ဒီဇိုင်းအဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။


ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တွေကတော့ အခုလက်ရှိ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းထဲက သမိုင်းဝင်ပွဲကြည့်စင်တွေကိုလည်း ကွင်းသစ်မှာ ယခုအတိုင်းဆက်ရှိနေဖို့ ဆန္ဒပြုခဲ့ကြပြီး ကွင်းတည်ဆောက်သူတွေကတော့ ပွဲကြည့်စင်တွေ ဘယ်လိုဖြစ်မယ်ဆိုတာ အတိအကျမပြောနိုင်သေးဘူးလို့ သိရပါတယ်။

ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကတော့ ပွဲကြည့်စင်တွေနဲ့ ကွင်းမျက်နှာပြင်ဟာ ပိုမိုနီးကပ်သွားမှာဖြစ်ပြီး ကစားသမားတွေနဲ့ ၇.၄ မီတာ အကွာကနေ အားရပါးရ ကြည့်ရှုနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ပြသထားတဲ့ ပုံစံတွေအရတော့ ကွင်းကြီးကို အုတ်တိုင်ကြီး ၂၆၄ တိုင်နဲ့ မြုံထားမှာဖြစ်ပြီး အတွင်းကနေဖန်ချပ်တွေနဲ့ ဆက်သွယ်ပြီး ကွင်းရဲ့ နံရံနဲ့အမိုးတွေ အဖြစ်ပုံဖော်ပေးမှာဖြစ်ပါတယ်။


အားကစားကွင်းအစီအစဉ်တွေ ပြီးဆုံးသွားရင်တော့ စားသောက်ဆိုင်တစ်ခု ၊ ကဖီးနဲ့ အသင်းပြတိုက်တစ်ခုပါ ထပ်တိုးပါဝင်လာမှာဖြစ်ပြီး အသင်းရဲ့ ပရိသတ်ဦးရေကလည်း ၆၀၀၀၀ အထိဝင်ဆံ့မှာဖြစ်တယ်လို့ သိရပါတယ်။


( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment