Powered by Blogger.

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက်အဖြစ် ပေါ့ဘာ သတ်မှတ်ခံရ



မန်ယူကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက်အဖြစ် သတ်မှတ်ခံရတယ်လို့ သိရပါတယ်။ CIES Football ရဲ့ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အကောင်းဆုံးကစားသမားကို ထိပ်ဆုံးလိဂ်ငါးခုထဲကနေ ရွေးချယ်ခဲ့တာပါ။

ပေါ့ဘာဟာ ထိပ်ဆုံးမှာ ဘိုင်ယန်ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာ နဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက်အဖြစ်နဲ့ သတ်မှတ်ခံရတာပါ။

ပေါ့ဘာဟာ အများအားဖြင့် ကွင်းလယ်အထိုင်နေရာမှာ ကစားတာဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့အချိန်ကစပြီး နဂိုနေရာကို ပြန်လည် ရောက်ရှိခဲ့တာပါ။


အသက် ၂၃နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့လက ၃၇ကြိမ်အထိ အခွင့်အရေးတွေ ဖန်တီးပေးခဲ့ပြီး အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ ပေါ့ဘာဟာ ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ အသင်းဖော် အန်ဒါဟာရဲရား၊ လီဗာပူးက ဟန်ဒါဆန်နဲ့ ချယ်လ်ဆီးစတား ကန်တေတို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

CIES ရဲ့ အဆင့်တွေဟာ ကစားသမားတွေရဲ့ လိဂ်ပြိုင်ပွဲမှာ ကစားတဲ့ နောက်ဆုံး မိနစ်ကိုးရာအပေါ်အခြေခံပြီး အမှတ်ပေးခဲ့တာပါ။

( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment