Powered by Blogger.

ဒီယေဂိုကော်စတာ၊ ဂျွန်တယ်ရီတို့နဲ့ ရိုက်ထားတဲ့ ပုံကိုတင်ခဲ့တဲ့ ဒရော့ဘာ



ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သူ ဒီဒီယာဒရော့ဘာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ချယ်လ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းကို လာေ၇ာက်ခဲ့ကြောင်း သိရပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်အနေနဲ့ ချယ်လ်ဆီးမှာ ၂၀၀၄ခုနှစ်ကနေ ၂၀၁၂ခုနှစ်အထိ ပါဝင်ကစားခဲ့ပြီး FA ဖလား၊ ပရီးမီယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးခဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။


အသက်၃၈နှစ်အရွယ် တိုက်စစ်မှူးဟောင်းဟာ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းမှာ ဂျွန်တယ်ရီ၊ ဒီယေဂိုကော်စတာ၊ ဖာဘရီဂတ်စ်၊ ဝီလီယံတို့နဲ့ ရိုက်ကူးထားတဲ့ ပုံကို Instagram စာမျက်နှာပေါ်တင်ခဲ့တာပါ။

အဲ့ဒီအပြင် အသင်းခေါင်းဆောင် ဂျွန်တယ်ရီကလည်း Snapchat နဲ့ Instagram စာမျက်နှာတွေမှာ "The King" လို့ခေါင်းစဉ်တပ်ပြီး ပြန်တင်ခဲ့ပါသေးတယ်။

( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment