Powered by Blogger.

ဂရစ်ဇ်မန်း သာ မန်ယူရောက်လာခဲ့ရင် ဂန္တဝင်နံပါတ် ၇ ကို ဝတ်ဆင်ဖွယ်ရှိနေ



မန်ဖစ်ဒီပိုင်းကို လိုင်ယွန်အသင်းထံ ပြီးခဲ့တဲ့ သောကြာနေ့က ရောင်းချလိုက်ပြီဖြစ်ကြောင်း နည်းပြမော်ရင်ဟိုက ထုတ်ဖော်ပြောကြားခဲ့ရာမှာ လစ်လပ်သွားတဲ့ အသင်းရဲ့ ဂန္တဝင်ကျောနံပါတ်ဖြစ်တဲ့ နံပါတ် ၇ကို ဘယ်သူဝတ်ဆင်မလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အသင်းရဲ့ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ အဲရစ်ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းနဲ့ ခရစ္စတီယာနိုရော်နယ်ဒို တို့လို ကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့ နံပါတ်ဟာ နတ်ကြီးတဲ့နံပါတ်တစ်ခုလို့တောင်ဆိုနိုင်ပါတယ်။



ဒါကြောင့် မန်ယူအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဂရစ်ဇ်မန်းသာ ရောက်လာခဲ့ရင် ဒီနံပါတ်ကို ပေးဖို့ရှိနေကြောင်း ဆိုကြတာပါ။

ဗလင်စီယာ၊ အိန်ဂျယ်ဒီမာရီယာနဲ့ မန်ဖစ်ဒီပိုင်းတို့နဲ့ လမိုင်းမကပ်ခဲ့တဲ့ နံပါတ်ကို လာမယ့် ၂၀၁၇/၂၀၁၈ရာသီမှာ ဘယ်သူ့အတွက် ရည်ရွယ်နေသလဲဆိုတာ စိတ်ဝင်စားစရာပါ။

( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment