Powered by Blogger.

Depay ကို ပေါင် ၂၁.၆ သန်းနဲ့ လိုင်ယွန်အသင်းကိုရောင်းချဖို့ မန်ယူသဘောတူ



နည်းပြ လူးဝစ်ဗန်ဟားလ်လက်ထက်က စီရော်နယ်လ်ဒိုလက်သစ်ဆိုပြီး မန်ယူအသင်းကို ရောက်ရှိလာခဲ့ပြီး ကွင်းပြင်ပနေထိုင်ပုံတွေကြောင့် ကွင်းတွင်းခြေစွမ်းကိုပါ ထိခိုက်လာခဲ့တဲ့ တောင်ပံလူ Depay ကိုတော့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခွင့်ပေးတော့မှာဖြစ်ပါတယ်။

 နယ်သာလန်ကလပ် ပေါင် ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ Depay ဟာ ဒီနေ့မှာ ဆေးစစ်မှုခံယူဖို့အတွက် ပြင်သစ်နိုင်ငံကို လေကြောင်းခရီးနဲ့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

Depay ဟာ အိုးထရက်ဖို့ဒ်မှာ နေရာမရတာကြောင့် စိတ်ပျက်နေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး လိုင်ယွန်အသင်းမတိုင်ခင် ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူဖို့ ဆက်သွယ်ခဲ့သေးတယ်လို့ သိရပါတယ်။ ယူနိုက်တက်ကတော့ သူတို့ဆီမှာ မလိုအပ်တော့တဲ့ ကစားသမားတွေကို ရုံခါလျက်ရှိနေပြီး Depay ကလည်း တစ်ယောက်အပါအဝင်ဖြစ်လာခဲ့တာပါ။

Depay ကို လိုင်ယွန်အသင်းကိုရောင်းချလိုက်တဲ့ ငွေကြေးဟာ မန်ယူအသင်းအတွက်တော့ တန်သွားတယ်လို့ ဆိုရမှာဖြစ်ပြီး ထင်ထားတာထက်ကို ပိုက်ဆံပိုရခဲ့တယ်လို့လည်း သိရပါတယ်။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက်တော့ Depay တစ်ယောက်လည်း အသင့်ဖြစ်နေပြီလို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းတည်းက အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့အတွက် Depay ဟာ နည်းပြ မော်ရင်ဟိုနဲ့အတူ ဆွေးနွေးခဲ့တယ်လို့ သိရပြီး မော်ရင်ဟိုကလည်း ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ Depay ဟာ မန်ယူအသင်းမှာကစားခဲ့တဲ့ ၅၃ ပွဲမှာ ခုနစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး မော်ရင်ဟိုလက်ထက်မှာလည်း နိုဝင်ဘာလတွင်းက ဖီယင်နုအသင်းကို အနိုင်ရခဲ့တဲ့ ပွဲနောက်ပိုင်းမှာ နောက်ထပ်ကစားခွင့်မရရှိတော့ဘူးလို့ သိရပါတယ်။


( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : ESPN

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment