Powered by Blogger.

ဂရစ်ဇ်မန်းကို ကမ္ဘာ့စံချိန်တင်ဈေးနဲ့ မန်ယူခေါ်ယူဖွယ်ရှိနေ


အက်သလက်တီကို တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်ုးကို မန်ယူအသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင်သန်း ၁၀၀နဲ့ ခေါ်ယူစာချုပ်ချုပ်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုက ပြင်သစ်လက်ရွေးစင်ကစားသမားကို ဒီနွေမှာ ခေါ်ယူဖို့ရှိနေတာပါ။ အသက် ၂၅နှစ်အရွယ် ကစားသမားဟာ မန်ယူအသင်းနဲ့ စကားပြောနေကြောင်း သတင်းထွက်နေတာပါ။

Independent သတင်းရဲ့ ဖော်ပြချက်အရ တီကိုကစားသမားဟာ ယူနိုက်တက်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင်သန်း ၁၀၀နဲ့ ရောက်ရှိဖွယ်ရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ ၂၉ပွဲကစားအပြီးမှာ ၁၃ဂိုးအထိ သွင်းယူထားတာပေမယ့် နည်းပြဆီမြွန်နီနဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေကြောင်းလည်း သိရပါတယ်။

( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment