Powered by Blogger.

Tianjin Quanjian က ဒီယေဂိုကော်စတာကို ကမ်းလှမ်းနေကြောင်း အတည်ပြု


တရုတ်စူပါကလပ် Tianjin Quanjian အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ Shu Yuhui ဟာ  သူ့အသင်းအနေနဲ့ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာကို ကမ်းလှမ်းနေကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

Yuhui က ကလပ်အနေနဲ့ ရီးယဲလ်တိုက်စစ်မှူး Karim Benzema နဲ့ PSG တိုက်စစ်မှူး Edinson Cavani တို့နဲ့ မန်ယူနဲ့ ချယ်လ်ဆီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ Radamel Falcao တို့ကိုပါ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့တာပါ။

တရုတ်ကလပ်တွေအနေနဲ့ နိုင်ငံခြားကစားသမားခေါ်ယူဖို့အတွက် အကန့်အသတ်တွေရှိနေပေမယ့်လည်း အခုလို ဥရောပဈေးကွက်ကို လှုပ်ခတ်နိုင်လောက်အောင်ကို ခြေလှမ်းကြယ်လာခဲ့တာပါ။

“ကျွန်တော်တို့အသင်းကို ရင်းနှီးမြုတ်နှံမှု အကြီးအမားပြုလုပ်ထားပြီးတော့ အစီအစဉ်သစ်တွေကိုလည်း လုပ်နေပါတယ်” လို့ Yuhui က ဆိုပါတယ်။ အဲ့ဒီအပြင် Yuhui က ကော်စတာရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်းဒတ်စ်နဲ့လည်းတွေ့ဆုံမှု ပြုလုပ်ထားတာကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးဘက်ကတော့ အဓိက တိုက်စစ်မှူးဖြစ်သူကို ဇန်နဝါရီဈေးကွက်ထက်၊ လာမယ့်နွေအပြောင်းအရွှေ့မှသာ လက်လွှတ်လိုနေတယ်လို့ သိရပါတယ်။ Tianjin ဟာ ယခင် ရီးယဲလ်နောက်ခံလူဟောင်း Fabio Cannavaro က ကိုင်တွယ်နေတဲ့ အသင်းဖြစ်ပြီး ဘယ်လ်ဂျီယမ်လက်ရွေးစင် Axel Witsel လိုကစားသမားကိုလည်း လတ်တလောမှာပဲ ခေါ်ယူစာချုပ်ချုပ်ထားတာပါ။


( U Min Thant )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment