Powered by Blogger.

တရုတ် Tianjin Quanjian အသင်းက ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာကို ခေါ်ယူဖို့စတင်ပြင်ဆင်



တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Tianjin Quanjian အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ဆက်ဆံရေးအေးခဲမှုဖြစ်လာတယ်လို့ သတင်းတွေထွက်နေတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ အရှိန်အဟုန်မြင့်လုပ်ဆောင်လာပါတယ်။

ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်ကို တရုတ်ကလပ်တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြတာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၅၇၀၀၀၀ အထိ ပေးချေသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

လာမယ့် နွေအပြောင်းအရွှေ့မတိုင်ခင်မှာ ခေါ်ယူနိုင်ဖို့အတွက် Tianjin Quanjian အသင်းပိုင်ရှင် Shu Yuhui က ကော်စတာကို ဆွဲဆောင်သွားမယ်လို့ ထုတ်ဖော်သွားခဲ့ပြီး ဒီလအတွင်း အပြောင်းအရွှေ့အတွက် အပြီးသတ်လုပ်ဆောင်ပြီး လာမယ့်ရာသီသစ်မှာ ကော်စတာကို ခေါ်ယူဖို့ ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

Yuhui ကတော့ “ကျွန်တော့်အနေနဲ့ ဂျော့ခ်ျမန်ဒက်စ်နဲ့ ကျွန်တော့်မြို့မှာ တွေ့ဆုံပြီး ဆွေးနွေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့က ကော်စတာကိုခေါ်ယူဖို့ စိတ်ဝင်စားပါတယ်။ သူတင်မဟုတ်ပါဘူး။ ပီအက်စ်ဂျီကလည်း သူတို့ရဲ့ တိုက်စစ်မှူးကာဗာနီက ကျွန်တော်တို့ဆီမှာ လာကစားဖို့ စိတ်ဝင်စားနေတယ်လို့ ပြေထားပါတယ်။ ဇွန်လအတွင်းမှာ ချယ်လ်ဆီးကနေ ကော်စတာ ထွက်ခွာလာမယ်လို့ ယူဆပါတယ်။ တရုတ်စူပါလိဂ်ကတော့ ဇွန်လဆိုရင် ရာသီဝက်ဖြစ်နေပါပြီ။ ကျွန်တော်ကတော့ အချိန်တွေတောင် သိပ်မစောင့်ချင်တော့ဘူးဗျာ” လို့ ပြောကြားခဲ့ပါတယ်။


ဒီယေဂိုကော်စတာဟာ လက်စတာအသင်းနဲ့ ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ ချယ်လ်ဆီးအသင်းရဲ့ လူစာရင်းကနေ ကျောဒဏ်ရာအကြောင်းပြကာ ချန်လှပ်ခံခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်း ကော့ဟမ်းမှာ ကော်စတာအနေနဲ့ တစ်ယောက်တည်း လေ့ကျင့်ခန်းဆင်းဖို့ ညွှန်ကြားခံခဲ့ရတယ်လို့လည်း သိရပါတယ်။

ချယ်လ်ဆီးအသင်းကနေ ထွက်ခွာလာတဲ့ အော်စကာလိုပဲ ကော်စတာဟာလည်း ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ တရုတ်စူပါလိဂ်ကို ရောက်ရှိသွားနိုင်ပါတယ်။ နည်းပြ ကွန်တီနဲ့ ကော်စတာကြားမှာ ဆက်ဆံရေးအဖုအထစ်တွေဖြစ်လာတဲ့နောက်မှာ ဂိုးသွင်းဘုရင်တိုက်စစ်မှူး ကော်စတာကို ဘာစီလိုနာအသင်းကလည်း အလိုရှိနေတာပါ။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment