Powered by Blogger.

ချယ်လ်ဆီးကွင်းလယ်လူ အော်စကာကို ပေါင်သန်း ၆၀ နဲ့ခေါ်ယူဖို့ ရှန်ဟိုင်း SIPG နီးစပ်နေ


လောလောဆယ် ဘောလုံးလောကမှာ ဟိုးလေးတစ်ကျော်ဖြစ်နေတဲ့ အပြောင်းအရွှေ့ကိစ္စတစ်ရပ်ကတော့ ချယ်လ်ဆီးအသင်းကွင်းလယ်လူ အော်စကာကို ရှန်ဟိုင်း SIPG အသင်းက ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ နီးစပ်နေတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

တရုတ်စူပါလိဂ်ဟာ နောက်ပိုင်းမှာ ဥရောပ ကစားသမားတွေကို ငွေကြေး အလုံးအရင်းတွေနဲ့ ခေါ်ယူလျက်ရှိပြီး အဆမတန်မြင့်မားတဲ့ လစာ ငွေကြေးတွေကလည်း ကစားသမားတွေအတွက် မက်လောက်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။

တရုတ်လိဂ်ကိုတော့ အရင်တုန်းက အဆင့်နိမ့်တယ်ဆိုပြီး ကစားသမားကောင်းတွေ သွားရောက်ကစားမှုရှားပါးခဲ့ပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ခြေစွမ်းအကျဘက်ရောက်နေတဲ့ ကစားသမားတွေအတွက်တော့ ကစားလို့ ကောင်းတဲ့ နေရာတစ်ခုဖြစ်လျက်ရှိနေပါတယ်။
လောလောဆယ်မှာတော့ ချယ်လ်ဆီးအသင်းမှာ နေရာပျောက်နေတဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမား အော်စကာကို ရှန်ဟိုင်း SIPG အသင်းက ၂၀၁၇ ဇန်နဝါရီလမှာ တရုတ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

 အော်စကာဘက်ကတော့ တရုတ်ကို ပြောင်းရွှေ့ဖို့အတွက် ၉၀ ရာနှုန်းလောက်အထိ သေချာလျက်ရှိနေပြီး SIPG ကို ပြောင်းဖြစ်ရင်တော့ ဆရာဟောင်း ဘိုအာ့စ်နဲ့ ပြန်လည်လက်တွဲရမှာလည်း ဖြစ်ပါတယ်။

အော်စကာဟာ တရုတ်စူပါလိဂ်မှာ တစ်ပတ်ကိုပေါင်လေးသိန်းလောက်အထိလည်း ရရှိဖွယ်ရှိနေပြီး ကမ္ဘာ့လစာအများဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်လာနိုင်ချေရှိနေပါတယ်။ အော်စကာဟာ ချယ်လ်ဆီးအသင်းမှာ ၂၀၂ ပွဲကစား ၊ ၃၈ ဂိုးသွင်းယူထားနိုင်ပြီး ပရီးမီးယားလိဂ် ၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment