Powered by Blogger.

PSG အသင်းက စပါးကွင်းလယ်လူအယ်လီကို ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူရန်စိတ်ဝင်စားနေ


ဇန်နဝါရီလတုန်းကမှ စပါးအသင်းနဲ့ ငါးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားတဲ့ ကွင်းလယ်လူ ဒဲလ်အယ်လီကိုတော့ ပြင်သစ် ချန်ပီယံ PSG အသင်းက ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

စပါးအသင်းကိုတော့ ဒီဈေးနဲ့အရင်ဆုံးကမ်းလှမ်းသွားမှာဖြစ်ပြီး ပယ်ချခံခဲ့ရရင်တော့ ဒီ့ထက်မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ PSG က ကမ်းလှမ်သွားဖွယ်ရှိနေတာပါ။

စပါးကွင်းလယ်လူဟာ မနှစ်က သူ့ရဲ့ ခြေစွမ်းကောင်းကို ပြသထားနိုင်ခဲ့ပြီး လက်ရှိရာသီမှာတော့ ပုံမှန်ခြေစွမ်းပြန်ရဖို့ ကြိုးစားနေရတဲ့ ကစားသမားတစ်ယောက်ပါ။ စပိန်ဘီလူးရီးရဲလ်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် လက်တွေ့တော့ ဖြစ်မလာခဲ့ပါဘူး။

ဝှိုက်ဟတ်လိန်းမှာတော့ ခြေစွမ်းကောင်းရဖို့ အနည်းငယ်ကြိုးစားနေရတဲ့ အယ်လီကို အခုလို ကမ်းလှမ်းလာတာကတော့ စပါးအသင်းအတွက် သတင်းကောင်းတစ်ခုတော့မဟုတ်ပါဘူး။

စပါးအသင်းဟာ အယ်လီကို အသင်းမှာပဲ ဆက်ရှိနေစေမှာဖြစ်ပြီး အယ်လီအနေနဲ့လည်း ပွဲထွက်ခွင့်တစ်နေရာ အာမခံချက်ရှိနေတဲ့ စပါးအသင်းကို စွန့်ခွာဖွယ်တော့ မရှိလောက်ပါဘူး။

နည်းပြပိုချက်တီနိုလက်ထက်မှာ စပါးအသင်းဟာ ဒိုင်ယာ ၊ ဝိုင်းမား ၊ အယ်လီ ၊ ဟာရီကိန်း စတဲ့ လူငယ်ကစားသမားကောင်းတွေကို မွေးထုတ်ထားနိုင်ခဲ့ပြီး အရင်ကထက်တော့ ခြေစွမ်းကောင်းလာတာကိုတွေ့ရမှာပါ။ အယ်လီကတော့ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့တော့ အမိမြေ အင်္ဂလန်ကို စွန့်ခွာဖို့ ဆန္ဒဟာ လောလောဆယ်တော့မရှိသေးဘူးလို့ ဆိုပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : The Guardian

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment