Powered by Blogger.

Ballon d’Or ဆုကို လေးကြိမ်မြောက်အဖြစ် စီရော်နယ်ဒိုရရှိ



ကမ္ဘာ့အကောင်းဆုံးဘောလုံးကစားသမားဆုအဖြစ် သတ်မှတ်ထားတဲ့ Ballon d’Or ဆုကြီးကိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့တိုက်စစ်မှူး စီရော်နယ်ဒိုက လေးကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

 ပြိုင်ဘက်တွေဖြစ်တဲ့ လီယွန်နယ်လ်မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၈ ၊ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပြီး အခု ၂၀၁၆ သူ့အသက် ၃၁ နှစ်အရွယ်မှာ ထပ်မံဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ဒီဆုကို လေးကြိမ်မြောက်အထိရယူနိုင်လိမ့်မယ်လို့ စိတ်ကူးတောင် မယဉ်မိခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ဆန္ဒတွေပြည့်ခဲ့ပါပြီ။ အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော်ဒီဆုကို ပထမဆုံးအကြိမ်ရရှိတုန်းကလိုပဲ အရမ်းပျော်နေမိပါတယ်။ ၂၀၀၈ ခုနှစ်ကို ပြန်ရောက်နေသလိုပါပဲ။ ကျွန်တော့်ရဲ့ပေါ်တူဂီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေ အကောင်းဆုံးပံ့ပိုးပေးခဲ့လို့ ဒီဆုကို ကျွန်တော်ရရှိခဲ့တာပါ။ ” လို့ ရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။



ခရစ္စတီယာနိုင်ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ကလပ်ရော နိုင်ငံအသင်းအတွက်ပါ ၅၅ ပွဲကစားပြီး ၅၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ချန်ပီယံလိဂ်နဲ့ ယူရိုဖလားတို့ကို နိုင်ငံနဲ့ ကလပ်အသင်းတွေမှာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် မက်ဆီကို အခုလိုပဲ ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။


 အခုလို ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတစ်ဆုကို လေးကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုကတော့ အသက်အရွယ်ရလာတဲ့ အချိန်မှာလည်း နောက်ထပ်အောင်မြင်မှုတွေ ထပ်မံ ရယူနိုင်ဖို့အတွက် မျှော်လင့်လျက်ရှိနေတယ်လို့ သိရပါတယ်။


( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : DailyMail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment