Powered by Blogger.

စပါးအသင်းနဲ့ ပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နှစ်ပတ်အနားယူရမယ့် မန်ယူကွင်းလယ်လူအမ်ခီတာယန်


မန်ယူအသင်းရဲ့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမား အမ်ခီတာယန်ဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ပွဲမှာပဲ အမ်ခီတာယန်တစ်ယောက် စပါးညာနောက်ခံလူ ဒန်နီရို့စ်ရဲ့ ဖျက်ထုတ်မှုကြောင့် တံကောက်ကြော ဒဏ်ရာရရှိသွားခဲ့ပြီး နှစ်ပတ်ခန့်အနားယူသွားရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုကတော့ ဒဏ်ရာကတော့ သိပ်မပြင်းထန်ဘူးလို့ အခုလိုပဲပြောကြားခဲ့ပါတယ်။ ‘နောက်ပွဲတော့ မပါနိုင်တာသေချာတယ်။ ခွဲစိတ်ရမယ့် ဒဏ်ရာတော့မဟုတ်ပါဘူး။ ဘောက်ဆင်ဒေးမှာ သူပြန်ကစားနိုင်ဖို့တော့ ကျွန်တော် မျှော်လင့်တယ်။ ’ လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

မန်ယူပရိသတ်တွေကတော့ အမ်ခီရဲ့ ဒဏ်ရာကို စိုးရိမ်ခဲ့ကြပြီး အသင်းအတွက် အချိန်အတော်ကြာပြန်မကစားပေးနိုင်တာမျိုးဖြစ်မှာကို မလိုလားကြဘူးလို့ သိရပါတယ်။ သူဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ် ၊ စနေနေ့မှာကစားမယ့် ဝက်စ်ဘရွန်းအသင်းနဲ့ ပွဲစဉ်တွေကိုတော့ လွဲချော်သွားဖွယ်ရှိနေပြီး ၂၆ ရက်နေ့ ကစားမယ့် ဆန်းဒါးလန်အသင်းနဲ့ ပွဲမှာတော့ ပြန်လည် ပါဝင်နိုင်မှာပါ။

အမ်ခီတာရန်ဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ သူ့အတွက် ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းကနေ ပေါင် ၂၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်ယူနည်းပြ မော်ရင်ဟိုအတွက်တော့ အားထားရတဲ့ ကစားသမားကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

စပါးအသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ မန်ယူအသင်းဟာ ထိပ်ဆုံးလေးနေရာဝင်နိုင်တဲ့ အလားအလာကောင်းတွေရှိနေတယ်လို့ နည်းပြမော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment