Powered by Blogger.

၂၀၁၆ ခုနှစ် Ballon d’Or ဆုအတွက် စီရော်နယ်ဒိုနဲ့ မက်ဆီတို့ အပြိုင်ရေပန်းစား



ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့  Ballon d’Or ဆုကြီးအတွက်တော့ နောက်ပိုင်းဘောလုံးလောက ထုံးစံအတိုင်းပဲ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကသာ တစ်ပြေးလျက်ရှိနေပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် အယောက် ၃၀ ဆန်ကာတင်စာရင်းကို ထုတ်ပြန်ခဲ့ရမှာတော့ နာမည်ကျော်ပရီးမီးယားလိဂ်က ကစားသမားရှစ်ယောက် ပါဝင်လာပြီး လက်စတာအသင်းကစားသမားနှစ်ယောက်ဖြစ်တဲ့ ဗာဒီနဲ့ မာရက်ဇ်တို့လည်း ပါဝင်လာကြပါတယ်။

မကြာခင်ရက်တွေမှာတော့ ဆုဆွတ်ခူးသူကို ကြေညာသွားမှာဖြစ်ပြီး အရှိန်အဟုန်ကြီးမားတဲ့ ဒီဆုကြီးအတွက်တော့ ကစားသမား အားလုံး ရင်ခုန်နေကြမှာ အမှန်ပါပဲ။ ဇန်နဝါရီလ ၉ ရက်နေ့ ၊ ဇူးရစ်ခ်ျမြို့မှာ ကျင်းပသွားမယ့် ဖီဖာဆုပေးပွဲမှာတော့  ကစားသမားအားလုံးအတွက်ဆုတွေကို ချီးမြင့်ပေးသွားမှာဖြစ်ပါတယ်။

မက်ဆီက ဒီဆုကို ငါးကြိမ်အထိ စံချိန်တင်ရရှိထားပြီး ရော်နယ်ဒိုက သုံးကြိမ်အထိ ဆွတ်ခူးထားနိုင်တာပါ။ ဒီနှစ်မှာတော့ ယူရိုချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို နိုင်ငံအသင်းနဲ့ ရီးရဲလ်အသင်းမှာ ဆွတ်ခူးနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒိုက ဆုကို ရရှိသွားဖို့ ပိုအလေးသာလျက်ရှိနေပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၁ ယောက်အသင်းနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဘယ်သူဖြစ်လာမယ် ဆိုတာကတော့ စိတ်လှုပ်ရှားဖွယ်ကောင်းနေပါတယ်။

2016 Ballon d'Or ဆန်ကာတင်စာရင်း

Sergio Aguero (Manchester City), Pierre-Emerick Aubameyang (Borussia Dortmund), Gareth Bale (Real Madrid), Gianluigi Buffon (Juventus), Cristiano Ronaldo (Real Madrid), Kevin de Bruyne (Manchester City), Paulo Dybala (Juventus), Diego Godin (Atletico Madrid), Antoine Griezmann(Atletico Madrid), Gonzalo Higuain (Juventus), Zlatan Ibrahimovic(Manchester United), Andres Iniesta (Barcelona), Koke (Atletico Madrid), Toni Kroos (Real Madrid), Robert Lewandowski (Bayern Munich), Hugo Lloris(Tottenham Hotspur), Riyad Mahrez (Leicester City), Lionel Messi(Barcelona), Luka Modric (Real Madrid), Thomas Muller (Bayern Munich), Manuel Neuer (Bayern Munich), Neymar (Barcelona), Dimitri Payet (West Ham), Pepe (Real Madrid), Paul Pogba (Manchester United), Rui Patricio(Sporting Lisbon), Sergio Ramos (Real Madrid), Luis Suarez (Barcelona), Jamie Vardy (Leicester City), Arturo Vidal (Bayern Munich).

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment