Powered by Blogger.

စာချုပ်သက်တမ်းမကုန်မချင်း အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ အသင်းကနေထွက်ခွာမှာမဟုတ်ဘူးလို့ အာစင်ဝင်းဂါးပြော


အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးကတော့ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့ဟာ သူတို့ရဲ့ စာချုပ်သက်တမ်း မကုန်မချင်းအသင်းမှာ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီကစားသမားနှစ်ယောက်ဟာ စာချုပ်သက်တမ်း ၁၈ လအထိ ကျန်ရှိနေသေးပြီး ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးလစာတွေပေးပြီး အာဆင်နယ်အသင်းက ဆက်ထိန်းထားဖို့ ကြိုးစားနေတာပါ။ အိုဇေးလ်ကတော့ အသင်းဟောင်း ရီးရဲလ်အသင်းကို ပြန်သွားဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်နေပြီး ဆန်းချက်ဇ်ကိုတော့ တစ်ခြား ဥရောပအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။

ဒါ့ကြောင့် အာစင်ဝင်းဂါးက နောက်ထပ်စာချုပ်သက်တမ်းတိုးပြီး ဒီကစားသမားနှစ်ယောက်ကို အသင်းမှာ ဆက်ထိန်းထားလိုနေတာပါ။

အာစင်ဝင်းဂါးကတော့ "ကျွန်တော်တို့အနေနဲ့ သူတို့ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ ကျွန်တော်ဒီကိစ္စကို အချိန်တိုင်းပြောနေမှာမဟုတ်ပါဘူး။ စာချုပ်သက်တမ်းတိုးတယ်ဆိုတာဟာ နှစ်ယောက်ကြားမှာ တိတ်တဆိတ်ပြုလုပ်သွားရမှာပါ။ သေချာတာတစ်ခုကတော့ သူတို့ အသင်းကို စွန့်ခွာသွားမှာ မဟုတ်ဘူးဆိုတာပါပဲ။" လို့ ပြောကြားခဲ့ပါတယ်။

( Mocha)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref:  The guardian
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment