စပါးအသင်းမှာပဲ ကစားသမားဘဝတစ်ခုလုံးကို ကုန်ဆုံးချင်နေတဲ့ ဟာရီကိန်း
အင်္ဂလန်အသင်းနဲ့ စပါးအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဟာရီကိန်းကတော့ ဂျွန်တယ်ရီနဲ့ ဂျရတ်တို့ကို အားကျနေတဲ့ပုံပါပဲ။
ကလပ်အသင်းမပြောင်းချင်ဘဲ အသင်းတစ်ခုတည်းမှာသာ အချိန်ကြာကြာ ကစားလိုနေလို့ပဲဖြစ်ပါတယ်။ စပါးအသင်းနဲ့ မကြာသေးခင်ကမှ သက်တမ်းရှည် စာချုပ်ချုပ်ဆိုခဲ့တဲ့ ဟာရီကိန်းဟာ သူ့အနေနဲ့ ဝှိုက်ဟတ်လိန်းမှာပဲ အကောင်းဆုံး ပေးဆပ်ကစားသွားလိုနေပါတယ်။
“အသင်းက အမြဲတမ်း ပြောင်းလဲနေပါတယ်။ အသင်းမှာ ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ရှိနေသလို အဲ့လိုကောင်းမွန်တဲ့ အနာဂတ်ကို စပါးအသင်းမှာသာပဲ ကျွန်တော်လည်း တည်ဆောက်ပေးချင်ပါတယ်။ ကျွန်တော် ဘယ်အသင်းကိုမှ ပြောင်းဖြစ်မယ်မထင်ပါဘူး။ ကျွန်တော့်အနေနဲ့ ဆုဖလားအောင်မြင်မှုတွေတော့ အရယူချင်ပါသေးတယ်” လို့ ဟာရီကိန်းက ပြောကြားခဲ့ပါတယ်။
ဒါ့ကြောင့် ဟာရီကိန်းဟာ စပါးအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့ အားသွန်ကြိုးစားလျက်ရှိနေပြီး အသင်းပရိသတ်တွေရဲ့ အကြိုက်ဆုံးကစားသမားတစ်ယောက်ဖြစ်လို့ နေပါတယ်။
( Mocha )
#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)
Ref : The Sun
0 comments :
Post a Comment