Powered by Blogger.

Chapecoense အသင်းအတွက် ပြန်ကစားပေးမယ့် ရော်နယ်ဒင်ဟို



ကိုလံဘီယာနိုင်ငံတွင်းမှာ လေယာဉ်ပျက်ကျခဲ့တဲ့ ဘရာဇီးလ်ကလပ် Chapecoense အသင်းမှာ ပြန်ကစားပေးဖို့အတွက် ဘောလုံးလောက,ကနေ အနားယူသွားပြီဖြစ်တဲ့ ရော်နယ်ဒင်ဟိုက စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ Chapecoense အသင်းကစားသမား ၁၉ ယောက်အထိ အသက်ပေးလိုက်ရတဲ့ ဒီလေယာဉ်ပျက်ကျမှုဟာ ဘောလုံးလောကအတွက် ရင်နင့်ဖွယ် ဖြစ်ရပ်ဆိုးတစ်ခုဖြစ်ခဲ့ပါပြီ။



Copa Sul-Americana ဖလား ဗိုလ်လုပွဲအဖြစ် သွားရောက်ကစားစဉ်မှာ Chapecoense အသင်းသားတွေ အခုလို ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး လာမယ့်ပွဲစဉ်တွေကိုပါ ကစားဖို့အတွက် အခက်အခဲဖြစ်သွားခဲ့တာပါ။ Chapecoense အသင်းရဲ့ အခုလိုဖြစ်ရပ်ဆိုးကြောင့် ဘောလုံးလောက,ကနေ အနားယူနေတဲ့ ရော်နယ်ဒင်ဟိုကတော့ Chapecoense အသင်းအတွက် ပြန်လည်ကစားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်ထပ်ကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ အာဂျင်တီးနားသားကြီး ရီးကွဲယ်လ်မီးကလည်း ပြန်လည်ကစားပေးမယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။


Chapecoense အသင်းအခုလို လေယာဉ်ပျက်ကျခဲ့ရတာဟာ လောင်စာဆီ လုံလောက်မှုမရှိတာကြောင့်ဖြစ်တယ်လို့ အဖြေထွက်လျက်ရှိနေပြီး လေယာဉ်မှူးကတော့ အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။ Chapecoense အသင်းသားတွေရဲ့ လေယာဉ်ပေါ်က ဆယ်လ်ဖီဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေဟာလည်း အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိနေပြီး တကယ့်ကို ရင်နင့်ဖွယ်ရာပဲဖြစ်ပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Mirror




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment