Powered by Blogger.

လီယွန်နယ်မက်ဆီကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ ပီအက်စ်ဂျီ


ဒီလအစောပိုင်းမှာ မန်စီးတီးအသင်းက မက်ဆီကို ခေါ်ယူဖို့  စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာခဲ့ပေမယ့်လည်း လောလောဆယ်မှာတော့ ပြင်သစ်သတင်းတွေရဲ့အဆိုအရ ပီအက်စ်ဂျီအသင်းက ဘာကာတိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မက်ဆီဟာ လောလောဆယ်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်နေပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ မက်ဆီရဲ့ ဖခင်နဲ့ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျဆီကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ လာမယ့်အပတ်အတွင်းမှာ ဘာကာနဲ့ မက်ဆီတို့ဟာ စာချုပ်သစ်မချုပ်ဆိုခင် ကနဦးသဘောတူညီမှုတွေကို ပြုလုပ်ဖွယ်ရှိနေပါတယ်။

ပြင်သစ်ချန်ပီယံအသင်းကတော့ မက်ဆီကို အသင်းအတွက်သာ မကဘဲ ပြင်သစ်လိဂ်ကို လူစိတ်ဝင်စားမှုများလာအောင် အရခေါ်ယူဖို့ ရှိနေတာပါ။ ပီအက်စ်ဂျီအသင်းကတော့ မက်ဆီကို ခေါ်ယူဖို့အတွက် ငွေကြေးကတော့ အသင့်အနေအထားမှာရှိနေတယ်လို့လည်း သိရပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : ESPN

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment