Powered by Blogger.

တစ်ပွဲအပယ်ခံရပြီး ပေါင်ရှစ်ထောင် ဒဏ်ကြေးပေးဆောင်ရမယ့် မော်ရင်ဟို


မန်ယူအသင်းရဲ့ နည်းပြ မော်ရင်ဟိုကတော့ ဝက်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဖြစ်ပြီး ပေါက်ကွဲတဲ့အပြုအမူတွေကို ပြသခဲ့ပါတယ်။ ရေဘူးကိုကန်ပြီး ဒေါသပေါက်ကွဲခဲ့တဲ့ မော်ရင်ဟိုကိုတော့ ပွဲတွင်းမှာ ဒိုင်လူကြီး ဂျွန်မော့စ်က ထုတ်ပတ်ခဲ့ပြီး အခုအချိန်မှာတော့ FA ကထပ်မံပြီး ပြစ်ဒဏ်ပေးလိုက်တာပါ။

လောလောဆယ်မှာတော့ FA က မော်ရင်ဟိုကို တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင်ရှစ်ထောင်ဒဏ်တပ်ထားပြီး ဒီဇင်ဘာ တစ်ရက်နေ့မတိုင်ခင်အထိ အယူခံဝင်ခွင့်ရှနေပါတယ်။ မော်ရင်ဟိုဟာ ဒီရာသီမှာ ဒုတိယအကြိမ်မြောက် အပြစ်ပေးခံရတာဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်နေ့က ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာလည်း ထုတ်ပယ်ခံရပါသေးတယ်။

မော်ရင်ဟိုကတော့ FA ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူးလို့ ဖွင့်ဟထားပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာတော့ ကွင်းလယ်လူ ပေါ့ဂ်ဘာ အဝါကတ်အပြခံရမှုကို မော်ရင်ဟိုက မကျေမနပ်ဖြစ်ခဲ့တာဖြစ်ပြီး ရုပ်သံပြကွက်တွေမှာတော့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် နိုဘယ်လ်ရဲ့ ဖျက်ထုတ်မှုဟာ ပေါ့ဂ်ဘာနဲ့ ထိခိုက်မိခြင်းမရှိခဲ့ဘဲ့ ဟန်ဆောင်လှဲချခဲ့တဲ့ အပြုအမူတွေကိုသာ မြင်တွေ့ခဲ့ရပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment