Powered by Blogger.

ခံစစ်ကို အားပြုတဲ့ ဘတ်စ်ကားကစားကွက်နဲ့ အသင်းတွေကို အနိုင်ကစားနိုင်ပြီလို့ ကလော့ပ်ကြုံးဝါး


လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကတော့ ဆန်းဒါးလန်းအသင်းကို အနိုင်ကစားပြီးတဲ့နောက်မှာ “ပါကင်ထိုးထားတဲ့ ဘတ်စ်ကားနဲ့ တူတဲ့ ခံစစ်အားပြုတတ်တဲ့အသင်း”တွေကို အနိုင်ကစားနိုင်ပြီလို့ ကြုံးဝါးလိုက်ပါတယ်။ လီဗာပူးလ်အသင်းကတော့ ခံစစ်ကောင်းတယ်ဆိုတဲ့အသင်းတွေကို အနိုင်ကစားနိုင်ခဲ့တာကိုလည်း ဒီရာသီမှာတွေ့ရမှာပါ။

လီဗာပူးလ်အသင်းမန်နေဂျာဟာ နောက်တန်းအားပြုကစားတဲ့ ဆန်းဒါးလန်းအသင်းကို နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ မိနစ်ရှစ်ဆယ်ကျော်မှာ အော်ရီဂီနဲ့ မီလ်နာတို့က အသီးသီးသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီပွဲအနိုင်ကြောင့် အိမ်ကွင်း ကစားတဲ့ ခုနစ်ပွဲမှာ ခြောက်ပွဲအထိ အနိုင်ရခဲ့ပြီဖြစ်ပါတယ်။

ဒါ့ကြောင့် ကလော့ပ်က “ကျွန်တော်တို့အနေနဲ့ ခံစစ်ကို အားပြုပြီး ဘတ်စ်ကားကစားကွက်နဲ့ ကစားတတ်တဲ့ အသင်းတွေကို အနိုင်ယူနိုင်နေပြီဆိုတာ သံသယမရှိတော့ပါဘူး။ ကျွန်တော်တို့မှာ ပရိသတ်တွေကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်နိုင်အောင် ကစားတတ်တဲ့ ပုံစံရှိနေပါပြီ။ ကျွန်တော်တို့ အဖွင့်ဂိုးကို စောစောမသွင်းတတ်ပေမယ့်လည်း အနိုင်ရအောင် ကစားနိုင်ပါတယ်။ ကျွန်တော်တို့ ဒီရာသီမှာ ဒီလိုပွဲတွေများပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အရင်ရာသီကတော့ ကစားပွဲတွေဟာ ဒီရာသီနဲ့ မတူညီဘဲ အသင်းအချို့သာ ခံစစ်အားနဲ့ ကစားတတ်ပြီး ဒီနှစ်မှာတော့ ဒီကစားကွက်ကို ကျင့်သုံးတဲ့အသင်းရေ ပိုများလာတယ်လို့လည်း ကလော့ပ်ကဆိုပါတယ်။
ဒီလိုအသင်းတွေနဲ့တွေ့ရင်တော့ လီဗာပူးလ်ဟာ ပိုမိုပြီး ကစားကွက်ကို ဖော်ဆောင်ကာ အနိုင်ကစားနိုင်အောင် ဖိကစားတယ်လို့ ကလော့ပ်ကပြောပါတယ်။ဒါ့ကြောင့် လီဗာပူးလ်ဟာ ခံစစ်အသားပေးကစားတဲ့အသင်းတွေကို အနိုင်ရအောင်ကစားနိုင်ပြီဖြစ်တယ်လို့ ကလော့ပ်က ပြောကြားခဲ့တာပါ။ ဒဏ်ရာရသွားတဲ့ ကော်တင်ဟိုရဲ့ အခြေအနေကိုတော့ စောင့်ကြည့်ရအုံးမှာဖြစ်တယ်လို့ ကလော့ပ်က ဆိုပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : The Guardian

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment