Powered by Blogger.

မျက်နှာကို တံတောင်နဲ့ တွတ်ခဲ့တယ်လို့ ဟာရဲရားကို ဒိုင်ယာစွပ်စွဲ


အင်္ဂလန်အသင်းနဲ့ စပိန်အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်ကတော့ ဘောလုံးပွဲတစ်ပွဲရဲ့ ရသကို အကောင်းဆုံးပေးစွမ်းနိုင်ခဲ့သလို ကစားသမားတွေရဲ့ အားပြိုင်မှုတွေကလည်း အတော်လေးကို ပြင်းထန်ခဲ့ပါတယ်။

အင်္ဂလန်အသင်းက စပါးအသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဒိုင်ယာဟာ ပွဲအတွင်းမှာ စပိန်နဲ့ မန်ယူကွင်းလယ်လူ ဟာရဲရားနဲ့ အချင်းများခဲ့ကြပြီ ဟာရဲရားက သူ့ကို တံတောင်နဲ့တွတ်ခဲ့တယ်လို့ ဒိုင်ယာက စွပ်စွဲလိုက်ပါတယ်။

“လူတွေအချင်းချင်းဘောလုံးကန်ရင်း မတော်တဆဖြစ်တာကို ကျွန်တော်လိုက်ပြောမနေဘူး။ ညစ်ညစ်ပတ်ပတ်ကစားတတ်တဲ့ လုပ်ရပ်တွေကိုတော့ မလိုအပ်ဘူးလို့ ထင်တယ်။ သူ (ဟာရဲရား) က ကျွန်တော့်မျက်နှာကို တံတောင်နဲ့ တွတ်သွားတယ်။ ကျွန်တော့်ကို ဘာလို့ အခုလို လုပ်လိုက်တယ်ဆိုတာ စဉ်းစားလို့မရပေမယ့် နည်းနည်းတော့ ပေါက်ကွဲစရာကောင်းတယ်။ ”

“သူကတော့ မလုပ်ဘူးလို့ ပြောတာ။ ကျွန်တော့်ကို လူချကစားသွားတာက ရှင်းနေတာပါ။ ဘောလုံးလောကမှာ ဒါမျိုးက မဆန်းပေမယ့်လည်း အသားလွတ်ညစ်ပတ်တာတွေကိုတော့ ကျွန်တော်သည်းခံမှာ မဟုတ်ဘူး။ သူ့ကို ကျွန်တော်တောင်းပန်ဖို့ မလိုပါဘူး။ မကြာခင် သူ့ကို ကျွန်တော်တွေ့ရမှာပါ” လို့ ဒိုင်ယာက ပြောကြားသွားပါတယ်။

မန်ယူအသင်းဟာ စပါးအသင်းနဲ့ လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာပါ။ သူတို့နှစ်ယောက်ကြားက အားပြိုင်မှုကိုတော့ အဲ့ဒီပွဲမှာ ဘယ်လိုလာမလဲဆိုတာ ကြည့်ရမှာလည်း ဖြစ်ပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment