Powered by Blogger.

ဝေးလ်စ်နိုင်ငံ တစ်နှစ်တာအကောင်းဆုံးကစားသမားဆိုကို ဂါရတ်ဘေးလ် ခြောက်ကြိမ်မြောက် ဆွတ်ခူး


အသက် ၂၇ နှစ်အရွယ်ကစားသမား ဂါရတ်ဘေးလ်ကတော့ ဒီဆုကို ခုနစ်နှစ်အတွင်း ခြောက်ကြိမ်ဆက် ဆွတ်ခူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ဘောလုံးထူးချွန်ဆုတွေမှာတော့ စတုတ်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျိုးအလန်ကလည်း ပရိသတ်အကြိုက်အကောင်းဆုံးကစားသမားဆု ၊ အသင်းဖော်အကြိုက်အကောင်းဆုံးကစားသမားဆု စတဲ့ ဆုနှစ်ခုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လူငယ်အကောင်းဆုံးကစားသမားဆိုတော့ အိတ်စ်တာအသင်းရဲ့ လူငယ်ကစားသမား အမ်ပါးဒူ(၁၆ နှစ်) က ဆွတ်ခူးခဲ့တာပါ။ မီဒီယာတွေက ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ဝေးလ်စ်အသင်းနဲ့အတူ ယူရိုမှာ ခြေစွမ်းပြခဲ့တဲ့ ရီးဒင်းနောက်ခံကစားသမား ခရစ်ဂန်တာက ရရှိခဲ့ပြီး နည်းပြ ခရစ်ကိုးလ်မန်းကတော့ အထူးဆုတစ်ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ဘေးလ်ဟာဆိုရင်တော့ ဝေးလ်စ်အသင်းကို ယူရိုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိအောင် သူ့ရဲ့ လှပတဲ့ သွင်းဂိုးတွေနဲ့ ပို့ဆောင်ပေးနိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် အခုလို ဝေးလ်စ်နိုင်ငံရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးကတော့ ယူရိုပြိုင်ပွဲဝင် ဝေးလ်စ်အသင်းရဲ့ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး တိုက်စစ်မှူး ရော့ဘ်ဆင်ကနူးကတော့ ဘယ်လ်ဂျီယံအသင်းဘက်ကို သွင်းယူခဲ့တဲ့ ကွာတားဖိုင်နယ်အနိုင်ဂိုးနဲ့အတူ အကောင်းဆုံး ဂိုးပိုင်ရှင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

( Beauty Syh )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment