Powered by Blogger.

အာဆင်နယ်အသင်းက နောက်ခံလူ ဘယ်လာရင်ကို စာချုပ်သစ်ချုပ်ဆိုမည်


အာဆင်နယ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလျက်ရှိနေတဲ့ နောက်ခံလူ ဘယ်လာရင်ကိုတော့ အာဆင်နယ်အသင်းက စာချုပ်သစ်တစ်ရပ်ချုပ်ဆိုပြီး အသင်းမှာ ထိန်းထားဖို့အတွက် ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

 ဟက်တာဘယ်လာရင်ဟာ သူ့ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် ငယ်မွေးခြံပေါက်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းက ခေါ်ယူဖို့အတွက် ပြန်လည် စိတ်ဝင်စားလာတာဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ လတ်တလော ဆွေးနွေးမှုတွေကို ပြုလုပ်နေတယ်လို့ ဘယ်လာရင်ရဲ့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။

အာဆင်နယ်အသင်းဟာဆိုရင်တော့ ဘယ်လာရင်ကို လောလောဆယ်မှာ တစ်ပတ်လုပ်ခပေါင်ငါးသောင်းနဲ့ ၂၀၁၉ အထိ စာချုပ်ချုပ်ထားတာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင်ရှစ်သောင်းအထိ တိုးမြှင့်ပြီး စာချုပ်သက်တမ်းတိုးသွားဖွယ်ရှိနေတာပါ။

ဆက်စပ်သတင်းတွေအရလည်း ဘယ်လာရင်ဟာ အာဆင်နယ်အသင်းကို စွန့်ခွာလိုစိတ်ရှိမနေဘူးလို့လည်း သိရပါတယ်။

( Beauty Syh )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Goal


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment